|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- သုဝဏ္ဏဘူမိ ရှာပုံတော်နှင့်အခြားဆောင်းပါးများ
-
-
Author(s):
လှသောင်း (Dip in B.Dh)
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 230
- Binding: Paperback
- Publication Month Year: Mar-2009
- Size: 13 cm x 21 cm
|
- Description: ရှေးမြန်မာပညာရှိများက မြန်မာနိုင်ငံအား သုံးပိုင်းခွဲ၍ သတ်မှတ်ထားကြပြီး ၎င်းတို့မှာ ရာမညဒေသ၊ ယောနကရဋ္ဌ၊ သုနာပရန္တနှင့် တမ္ပဒီပတို့ဖြစ်ကြသည်။ ရာမညဒေသသည် မွန်တို့၏ အရပ်ဒေသဖြစ်ပြီး မွန်လူမျိုးတို့သည် ထိုင်းနိုင်ငံ မဲနစ်မြစ်အောက်ပိုင်းတွင် ဒွာရဝတီနိုင်ငံ၊ အထက်ပိုင်းတွင် ဇင်းမယ်နိုင်ငံ၊ မြန်မာနိုင်ငံအောက်ပိုင်းတွင် သုဝဏ္ဏဘူမိနိုင်ငံဟူသော ၃ နေရာတွင် တည်ခဲ့ကြသည်။ ထိုနိုင်ငံတို့အနက် သုဝဏ္ဏဘူမိနိုင်ငံ၏ တည်နေရာသည် လက်ရှိမြန်မာနိုင်ငံ နယ်နမိတ်အတွင်းမှာလိုလို၊ ထိုင်းနိုင်ငံအတွင်းမှာလိုလို (ထိုင်းတို့သည် သူတို့၏ လေဆိပ်သစ်ကြီးကို သုဝဏ္ဏဘူမိဟု အမည်ပေးထားသည်)၊ စုမာတြား ဂျာဗားကျွန်းဒေသတစ်ခုလုံးလိုလို ပြောဆိုရေးသားနေကြသည်။ ယခုစာအုပ်တွင် ထိုအငြင်းပွားမှုကို ဖြေရှင်းနိုင်ရန် စာရေးသူ၏ ကျမ်းဂန်အထောက်အထား၊ မှတ်တမ်းအကိုးအကား၊ ကောင်းကင်ဓာတ်ပုံ၊ ရှေးဟောင်း သုတေသန အစီရင်ခံစာ၊ ကွင်းဆင်း တူးဖော် သုတေသန ရလဒ်များဖြင့် ဖြေရှင်းထားပြီး ထိုအထောက်အထားများအရ သုဝဏ္ဏဘူမိသည် ယခုမွန်ပြည်နယ် သထုံခရိုင်အတွင်းတွင် တည်ရှိသည်ဟု စာရေးသူက ဆိုသည်။ ထိုအဆို မည်မျှခိုင်လုံသည်ကို စာအုပ်ပါ ဆောင်းပါးများ ဖတ်ရှုခြင်းဖြင့် အကဲခတ်နိုင်ကြမည်ဖြစ်သည်။ ဆောင်းပါးများကို အင်္ဂလိပ်မြန်မာ ၂ ဘာသာဖြင့် ရေးသားထားသည့်အပြင် မြေပုံများ၊ ဓာတ်ပုံများဖြင့်ပါ တွဲဖက်ရိုက်နှိပ်ထားသည်ကို တွေ့ရသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|