|
Myanmar Books
Publishers
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
- အရက်နှင့် ဆက်နွယ်သော စိတ်ပိုင်းဆိုင်ရာ ပြဿနာများ
-
-
Author(s):
မောင်မီးအိမ်
- Type: Myanmar Books
-
Category:
ကျန်းမာရေးနှင့် ဆေးပညာ
- No of Pages: 161
- Binding: Paperback
- Publication Month Year: Jan-2009
- Size: 16 cm x 23 cm
|
- Description: အရက်ဟူသည်မှာ ယောကျ်ားများနှင့် မကင်းနိုင်သော မှီဝဲဖွယ်တစ်ခု ဖြစ်သည်။ အပျော်သဘော၊ အပေါင်းအသင်းဝင်ဆံ့မှု သဘော၊ ဖွယ်ရာမှုသဘော၊ လိုက်လျောမှုသဘောတို့ ဖြင့် ပါဝင်စီးမျောရင်း ယမကနွံအိုင်ထဲမှ ရုန်းမထွက်နိုင်သူတို့ကိုလည်း တွေ့ရှိရမည်ဖြစ်သည်။ မိမိဘာသာထိန်းချုပ်ပြီး ဆေးဖြစ်ဝါးဖြစ်သဘော သတိကြီးကြီးထား မှီဝဲနေသူတို့ ရှိသော်လည်း အလွန့်အလွန်နည်းပါးလှစွာသော အတိုင်းအတာသာ ရှိပေသည်။ ယခုစာအုပ်တွင် အရက်ကြောင့် ဖြစ်တတ်သည့် ဦးနှောက်ပျက်ကာ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ အကြောင်းကိုလည်းကောင်း၊ အရက်ကြောင့်ဖြစ်တတ်သော လူမှုရေး၊ စီးပွားရေး၊ အိမ်ထောင်ရေးပြဿနာများနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ပြောင်းလဲမှုများကိုလည်းကောင်း အသေးစိတ်ရှင်းလင်းထားသည်။ ဦးနှောက် ဗဟုပျက်ရောဂါ(သူငယ်ပြန်ရောဂါ)၊ စိတ်ဖောက်ပြန်ခြင်း၊ တက်ခြင်း၊ သဝန်တိုစိတ်လွန်ခြင်း၊ အရက်စွဲခြင်း၊ စိုးရိမ်သောကများခြင်း၊ စိတ်ဓာတ်ကျဆင်းခြင်း၊ ကိုယ့်ကိုကိုယ် သတ်သေမိတတ်ခြင်း၊ လှုံ့ဆော်မှုမဲ့ အာရုံရခြင်းအပါအဝင် အရက်နှင့် ဆက်နွယ်သော ရောဂါများနှင့် လက္ခဏာများအကြောင်း အသေးစိတ်ဖော်ပြထားသလို အရက်၏အစ၊ ဆေးပညာရှင်တို့၏ အရက်နှင့် ပတ်သက်၍ တွေ့ရှိချက်များ၊ ဘီယာနှင့် အရက်နှိုင်းယှဉ်ခြင်း၊ အရက်ကြောင့် ဘဝပျက်ခဲ့ရသည့် ဖြစ်ရပ်မှန်ဇာတ်လမ်းများကိုလည်း စာရေးဆရာလည်းဖြစ်၊ ဆရာဝန်တစ်ဦးလည်းဖြစ်သူ မောင်မီးအိမ်က ကွက်ကွက်ကွင်းကွင်း သတိပေး ရေးသားထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|