|
Myanmar Books
Publishers
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- ရေခြားမြေခြား အတွေ့အကြုံ (အတွဲ ၁)
-
-
Author(s):
မေတ္တာဦး
- Type: Myanmar Books
-
Category:
ခရီးသွား / ပထဝီဝင်
- No of Pages: 319
- Binding: Paperback
- Publication Month Year: Mar-2009
- Size: 13 cm x 20 cm
|
- Description: ရွှေအမြုတေမဂ္ဂဇင်းပါ စာရေးသူ ရေခြားမြေခြား အမေရိကားအတွေ့အကြုံများကို စုစည်းထုတ်ဝေခြင်းဖြစ်သည်။ အမေရိကားရောက် မြန်မာတစ်ယောက်၏ စိတ်ပိုင်းဆိုင်ရာ ခံစားမှုများနှင့်တကွ ယဉ်ကျေးမှု ဓလေ့စရိုက် ဘာသာစကား အတော်ကွဲပြားခြားနားသော အမေရိကားတွင် မည်သို့မည်ပုံ ရုန်းကန်ခဲ့ရသည်များကို ရသမြောက်အောင် ရေးဖွဲ့ထားနိုင်သည်ကို တွေ့ရသည်။ ဝင်ဆန့်ခြင်း၊ စိန်ခေါ်ခြင်း၊ မျှဝေခြင်း၊ မိသားစု၊ မှတ်တိုင်များ၊ သိကောင်းစရာများ၊ အမှတ်ရစရာများ၊ အတွေး၊ ပတ်ဝန်းကျင်၊ အိမ်၊ ဆက်ဆံရေးဟူ၍ အခန်းများခွဲထားပြီး ရေခြားမြေခြားရောက်သူတိုင်း လိုအပ်မှုအားလုံးနဲ့ ပြည့်စုံတာမဟုတ်ဘူးဆိုတာကို မျှဝေချင်သည့်ဆန္ဒအပြင် သူတွေ့ကြုံခဲ့ရသည့် အခက်အခဲအမျိုးမျိုး အတွေ့အကြုံဆန်းများကို ကျော်ဖြတ်ခဲ့ပုံများကို သိစေချင်၍ ဤဆောင်းပါးများကို ရေးသားဖြစ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ အမေရိကန်ပြည်ထောင်စု၏ လူနေမှုစနစ်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လူနေမှုဘဝမှစတင်ကာ အာမခံစနစ်၊ မိသားစုဘဝ၊ ပညာရေးစနစ်တို့၏ အဆိုးအကောင်းတို့ကို အတွင်းကျကျ သိရှိရမည့် စာအုပ်ဖြစ်သည်။ စာရေးသူသည် မော်လမြိုင်ဇာတိဖြစ်ပြီး ရန်ကုန်တက္ကသိုလ်မှ မဟာဘွဲ့ရယူပြီးနောက် အမေရိကန်နိုင်ငံသို့ ပြောင်းရွေ့နေထိုင်ခဲ့သည်။ အမေရိကန်နိုင်ငံတွင် မြန်မာ့အာဇာနည် သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ သားဖြစ်သူ ဦးအောင်ဆန်းဦးနှင့် တွေ့ဆုံ အိမ်ထောင်ပြုခဲ့သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|