|
Myanmar Books
Publishers
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: ကမ္ဘာပေါ်တွင် အန္တရာယ်အများဆုံးအလုပ်ကို လုပ်ခဲ့သူဟု တိုင်းမဂ္ဂဇင်းက ညွှန်းဆိုခဲ့သူ ပါကစ္စတန် သမ္မတဟောင်း မူရှာရတ်၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိဖြစ်သည်။ မူရှာရတ်သည် မူရင်းစာအုပ်ကို နိုင်ငံအကြီးအကဲဖြစ်စဉ်အချိန်က ရေးသားခဲ့ခြင်းဖြစ်သည်။ ဆင်းရဲသား၊ သူဌေးသူကြွယ်၊ ပညာတတ်၊ အရေးအဖတ်ပင်မတတ်သူ၊ မြို့သား၊ တောသား အစုစုတို့ပါဝင်သည့် ပါကစ္စတန် နိုင်ငံသား သန်း ၁၆ဝတို့တွင် ဘာသာစကားအမျိုးမျိုး ပြောဆိုသုံးစွဲနေကြသလို အလယ်အလတ် လမ်းစဉ်မှသည် အစွန်းရောက် လမ်းစဉ်ခံယူထားသူများလည်း အများအပြားပင်ဖြစ်သည်။ စာအုပ်တွင် မူရှာရတ်တစ်ယောက် နယူးဒေလီ မြို့တွင် မွေးဖွားခဲ့ချိန်မှ စတင်ကာ လူမျိုးရေး ပဋိပက္ခများကြောင့် ပါကစ္စတန်သို့ ထွက်ပြေးခဲ့ရပုံ၊ သူ၏ အထက်တန်းနှင့် စစ်တက္ကသိုလ် ကျောင်းသားဘဝ၊ ကာကွယ်ရေး တက္ကသိုလ် နည်းပြအပါအဝင် ရာထူးအမျိုးမျိုးကို ထမ်းဆောင်ခဲ့ပုံ၊ စက်တင်ဘာ ၁၁ အရေးအခင်း၏ ရိုက်ခတ်မှု၊ အယ်လ်ကိုင်ဒါတို့ကို ကိုင်တွယ်နှိပ်ကွပ်ခဲ့ပုံ၊ သူအားလုပ်ကြံရန် ကြိုးစားမှုများမှ အကြိမ်ကြိမ် လွတ်မြောက်ခဲ့ပုံများအပါအဝင် သူဘဝ သူ့ဖြစ်စဉ်နှင့် ပါကစ္စတန်နိုင်ငံ၏ သမိုင်းကြောင်းကို ယှဉ်တွဲ ဖတ်ရှုကြရမည်ဖြစ်သည်။ ထို့အပြင် ၂၁ ရာစုနှစ် မွတ်ဆလင်ကမ္ဘာ၊ အစ္စရေးနိုင်ငံအပေါ် သူ၏ ရှုမြင်သုံးသပ်ချက်များကိုလည်း ရေးသားထားသည်ကို တွေ့ရသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|