|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- ရှာရွန် သို့မဟုတ် ရာဇဝင်တွင်တဲ့ သူရဲကောင်း
-
-
Author(s):
ထွန်းသစ်
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 666
- Binding: Paperback
- Publication Month Year: May-2019
- Size: 15 cm x 21 cm
|
- Description: Nir Hefezနှင့် Gali Bloomတို့ ပူးတွဲရေးသားထားသည့် Ariel Sharon: A Lifeကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ အစ္စရေးနိုင်ငံ၏ ပွဲဦးထွက် လွတ်လပ်ရေးစစ်ပွဲတွင် ခြေလျင်တပ်ခွဲ အရာရှိငယ်အဖြစ် ဆင်နွှဲခဲ့သူ၊ အထူးကွန်မန်ဒိုတပ်ဖွဲ့ကို ကွပ်ကဲ၍ ပါလက်စတိုင်းတို့ကို တန်ပြန်တိုက်ခိုက်ခဲ့သူ၊ ဆိုင်းနိုင်းကျွန်းဆွယ်တိုက်ပွဲတွင် လေထီးတပ်ဖွဲ့ တပ်မှူးအဖြစ် ဆောင်ရွက်ခဲ့သူ၊ ၆ ရက်ကြာ စစ်တွဲတွင် သံချပ်ကာတပ်မှူးအဖြစ် ဆောင်ရွက်ခဲ့သူ၊ “ယွန် ကစ်ပူးရ်”စစ်တွဲတွင်လည်း သံချပ်ကာနှင့် တင့်ကားတပ်မကို ကွပ်ကဲရင်း စူးအက်တူးမြောင်းကို ဖြတ်ကျော်ပြီး အီဂျစ်နိုင်ငံ ကိုင်ရိုမြို့အနီးသို့ပင် ရောက်ရှိစေခဲ့သူ၊ လက်ဘနွန်သို့ လျှပ်တစ်ပြက် ထိုးဖောက်ဝင်ရောက်ခဲ့သည့် တရမန်းကြမ်းစစ်ဆင်မှုကို ကာကွယ်ရေးဝန်ကြီးအဖြစ် စီမံညွှန်ကြားခဲ့သူ၊ တပ်မှ အငြိမ်းစားယူပြီးနောက် ဝန်ကြီးရာထူးအမျိုးမျိုးကို ထမ်းဆောင်ရင်း အမြင့်ဆုံး ဝန်ကြီးချုပ်အဖြစ် တက်လှမ်းတာဝန်ယူခဲ့သူ၊ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ဗိသုကာ၊ နိုင်ငံပြု သုခမိန်၊ သားကောင်ကို အကြမ်းကြုတ်ဆုံး ထိုးသုတ်တတ်သည့် သိန်းငှက်လို လူသားဘဝမှ ငြိမ်းချမ်းရေး ချိုးငှက်လို သရုပ်ကို အပတ်တကုတ် ပြောင်းလဲ အားထုတ်ခဲ့သူ၊ ဗိုလ်ချုပ်တစ်ဖြစ်လဲ အစ္စရေးဝန်ကြီးချုပ်ဟောင်း ရှာရွန်၏ စစ်ရေး၊ နိုင်ငံရေး၊ ပုဂ္ဂိုလ်ရေးဘဝနှင့် ယခင် ယခု အစ္စရေးခေါင်းဆောင်များ၏ ဖျတ်ခနဲ ရုပ်ပုံလွှာများကို ဤစာအုပ်တွင် အသေးစိတ် ဖတ်ရှုလေ့လာကြရမည်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|