|
Myanmar Books
Publishers
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
- မြန်မာမင်းအုပ်ချုပ်ပုံစာတမ်းနှင့် ဘိုးတော်ဘုရားကြီး၏ ရာဇသတ်ခေါ်သော အမိန့်တော်တမ်းကြီး (အတွဲ ၂)
-
-
Author(s):
ဝန်ထောက်ဦးတင်
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 270
- Binding: Paperback
- Publication Month Year: 2010
- Size: 15 cm x 24 cm
|
- Description: မြန်မာမင်းများသည် ရှေးယခင်ကပင် စည်းစနစ်ကျကျ အုပ်ချုပ်ရေးတွင် ဆောင်ရွက်နိုင်ခဲ့ကြကြောင်း သက်သေပြမည့် စာအုပ်ဖြစ်သည်။ ၇၂၉ ခုနှစ်တွင် နန်းတက်သော အဝမင်းကြီးစွာစော်ကဲမှစ၍ သီပေါမင်းမြတ်လက်ထက် နန်းပျက်သည့်တိုင် အရပ်ရပ် အမိန့်တော်နေ့စဉ်မှတ်များ၊ မြို့ရွာစစ်တမ်း၊ အမှုထမ်းစစ်တမ်း၊ လွှတ်တော်သွင်းမှာတမ်း၊ အတွင်းတော်ထုတ်မှာတမ်း၊ မင်းနှင့်စပ်သော သုမင်္ဂလ၊ ဒုမင်္ဂလစာတမ်း၊ လွှတ်ရုံးငါးရပ်စာတမ်းများကို ကိုးကားအခြေခံ၍ ရေးသားထားခြင်းဖြစ်သည်။ ယခု ဒုတိယတွဲတွင် မဟာသမ္မတမင်း တင်မြှောက်ကြပုံ၊ လူမျိုး ၁ဝ၁ ပါး၊ သာကီဝင်မင်းတို့ အုပ်စိုးပုံနှင့် သာကီဝင်မင်းမျိုး၊ မဟာသမ္မတမင်းမှ သိဒ္ဒတ္ထမင်းတိုင် မဇ္ဈိမဒေသတွင် အုပ်စိုးသော မင်းများ၊ အဇာတသတ်မင်းမှ သီရိဓမ္မာသောကမင်းတိုင် မဇ္ဈိမဒေသတွင် အုပ်စိုးသော မင်းများအကြောင်း၊ တကောင်း, သရေခေတ္တရာ, ပုဂံ, စစ်ကိုင်း, ပင်းယ, အင်းဝ, တောင်ငူ, ကုန်းဘောင်မင်းဆက်များနှင့် နယ်မြေပိုင်းခြားသတ်မှတ်ပုံ၊ မြန်မာနိုင်ငံနှင့် သက်ဆိုင်သော မိုးလေဝသ ရာသီဥတု အခြေအနေ၊ လူဦးရေ တိုးပုံ ဆုတ်ပုံ၊ မြို့ရွာ အုပ်ချုပ်ပုံ၊ မင်းလျာရွေးပုံ၊ မြန်မာနိုင်ငံတွင် တိုင်းကျိုးပြည်ကျိုး ဆောင်ရွက်ခဲ့သော မင်းများအကြောင်းတို့ကို အခန်းကြီး ၄ ခန်း၊ အခန်းငယ် ၁၉ ခန်းခွဲကာ ရေးသားပြုစုထားသည်။ ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြန်လည်ထုတ်ဝေပေးသော စာအုပ်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|