|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- ဘဝဆိုတာ ကိုယ်အရှုံးပေးမှ ရှုံးတာပါ (သို့မဟုတ်) ကိုယ်ထူးကိုယ်ချွန် နော်မြသန်း
-
-
Author(s):
မေတ္တာရှင် (ရွှေပြည်သာ)
- Type: Myanmar Books
-
Category:
သုတစာပေ
- No of Pages: 102
- Binding: Paperback
- Publication Month Year: Oct-2011
- Size: 12 cm x 19 cm
|
- Description: စာရေးသူ ဆရာတော်၏ကျောင်းတွင် အစ်မလိုတစ်မျိုး၊ မိခင်လိုတစ်သွယ် စာရေးသူ၏ သာသနာရေးလုပ်ငန်းများကို ရှေ့တန်းမှ စွမ်းစွမ်းတမံ အားပေးစောင့်ရှောက်နေသော “ရဟန်းအမ၊ ကျောင်းအမ နော်မြသန်း”အကြောင်း စာအုပ်ဖြစ်သည်။ သူမသည် ဘာမှ ပိုင်ဆိုင်မှ မရှိသော ဘဝမှ ကိုယ်ပိုင်အိမ်နှင့် နေနိုင်သည့် ဘဝသို့ တက်လှမ်းခဲ့သည့်အပြင် ရဟန်းအမ၊ ကျောင်းအမအဖြစ်လည်း ခံယူနိုင်ခဲ့ပြီဖြစ်သည်။ သူမ မည်သို့မည်ပုံ ကြိုးစားလာရသည်ဆိုသည်နှင့်တကွ သူမ၏ ကံ၊ ဉာဏ်၊ ဝီရိယအကြောင်းကို သူမနည်းတူ ဘဝကိုအရှုံးမပေးခဲ့ကြသည့် ကမ္ဘာကျော်ပုဂ္ဂိုလ်များ၏ ဖြစ်ရပ်များနှင့် ယှဉ်တွဲ၍ ဤစာအုပ်တွင် ဆရာတော်က ရေးသားဖော်ပြထားသည်။ ဆရာတော်က စာအုပ် နိဂုံးချုပ်ထားရာ၌ “အကြောင်းအရာတစ်ခုအတွက်၊ ဆုံးရှုံးမှုတစ်ခုအတွက်၊ အလုပ်တစ်ခုအတွက် ရှေ့ဆက်ဖို့ ခက်နေတဲ့အခါ၊ စိတ်ပျက်အားငယ်နေတဲ့အခါ၊ မလုပ်နိုင်တော့ဘူးလို့ ယုံကြည်နေတဲ့အခါ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်လိုက်ကြပါ။ “မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလားလို့ ...”ဟု ဆိုထားသည်။ ဆရာအောင်သင်းကလည်း အမှာစာရေးပေးထားပြီး အမှာစာ၌ “ဤစာအုပ်ကို ဖတ်နေရင်း အံ့သြစရာ၊ စိတ်ဝင်စားစရာ ကောင်းလှသော နော်မြသန်းကို တွေ့လာရလိမ့်မည်။ သူ၏ ဇွဲသတ္တိနှင့် ယုံကြည်ချက်ခိုင်မာမှုကိုလည်း တွေ့လာရလိမ့်မည်။ မိမိကုသိုလ်ကံကို စိတ်ချလက်ချ ယုံကြည်ပြီး စွန့်စားသော၊ ပေးကမ်းလှူဒါန်းသော စေတနာကိုလည်း တွေ့ရလိမ့်မည်”ဟု ဆိုထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|