|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီးနောက် မကြာမီ ရောင်စုံသူပုန်များ၏ ပြည်တွင်းဆူပူသောင်းကျန်းမှုကြောင့် ဖဆပလအစိုးရသည် စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်းမျိုးစုံ ကြုံတွေ့ခဲ့ရာ အစိုးရအား ရန်ကုန်အစိုးရဟုပင် သရော်ခြင်း ခံခဲ့ရသည်အထိ ဖြစ်ခဲ့သည်။ ထိုကာလအတွင်း တပ်မတော်သည် တိုက်ပွဲကြီးငယ်များစွာ ဆင်နွှဲခဲ့ရာ အချို့သော တိုက်ပွဲများမှာ ဗျူဟာအရ သမိုင်းဝင်တိုက်ပွဲများ ဖြစ်ခဲ့သည်။ အင်းစိန်တိုက်ပွဲ၊ မြန်မာပြည်အလယ်ပိုင်း၌ ဖြစ်ပွားခဲ့သော သာစည်တိုက်ပွဲများသည် သမိုင်းကြောင်းကို အလှည့်အပြောင်း ဖြစ်စေခဲ့သော တိုက်ပွဲများ ဖြစ်ကြသည်။ ယခုစာအုပ်မှာ ထိုသာစည်တိုက်ပွဲ၏ ဖြစ်စဉ်များကို မှတ်တမ်းတင် ရေးသားထားခြင်းဖြစ်သည်။ ကေအင်ဒီအိုတို့သည် မီးရထားလမ်းပေါ်ရှိ သာစည်ကို မသိမ်းပိုက်နိုင်သဖြင့် အင်းစိန်တွင် ပိတ်ဆို့တိုက်ခိုက်ခြင်းခံနေရသော သူတို့၏ တပ်များထံ စစ်ကူမပို့နိုင်တော့ဘဲ အဆုံးသတ်တွင် သူတို့၏ ရန်ကုန်သိမ်းပိုက်ရေးအစီအစဉ်သည် ပျက်သုဉ်းခဲ့ရသည်။ ဗမာ့တပ်မတော်အနေဖြင့် ရသမျှ လူအင်အား၊ လက်နက်အင်အား၊ ရိက္ခာအင်အားတို့ဖြင့် မိမိတို့ထက် အစစ အရာရာ အင်အားသာလွန်နေသော သောင်းကျန်းသူတို့ကို ခံစစ်ဖြင့် ၃၆ ရက်တိုင်တိုင် မည်သို့ ကြံ့ကြံ့ခိုင်ခိုင် ခုခံကာကွယ်နိုင်ခဲ့ပုံများကို ဤစာအုပ်တွင် နေ့စဉ်မှတ်တမ်းပုံစံဖြင့် စိတ်ဝင်စားဖွယ် ဖတ်ရှုကြရမည်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|