|
Myanmar Books
Publishers
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: မွေးသက္ကရာဇ် မမေး၊ လက်ဝါးမဖြန့်ခိုင်းဘဲ မျက်နှာကို ကြည့်ရုံဖြင့် မိမိရှေ့ရှိ လူတစ်ဦး၏ စိတ်ထားနှင့် ဘဝအခြေအနေကို သိနိုင်သော ပညာဖြစ်သည့် မျက်နှာကဲခတ်နည်းပညာအကြောင်းကို မျက်ခုံး၊ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်၊ နားရွက်၊ ပါးနှင့် ပါးရိုး၊ မေး၊ မှဲ့ အစရှိသည့် မျက်နှာအစိတ်အပိုင်းအလိုက် အခန်းများခွဲခြားကာ အသေးစိတ် ဖွင့်ဆိုရေးသားထားသော စာအုပ်ဖြစ်သည်။ မူရင်းစာအုပ်မှာ တရုတ်အမျိုးသမီးသုတေသီ လိုင်လင်ယန်း (Lilan Young)ရေးသားပြုစုသော Secrets of the Face စာအုပ်ဖြစ်သည်။ မိမိအတွက် အနီးကပ် ပေါင်းသင့်သူ၊ ခပ်ခွာခွာ နေသင့်သူ၊ ဝေးဝေးရှောင်သင့်သူ၊ လုပ်ဖော်ကိုင်ဖက်၊ လက်အောက်ငယ်သား၊ ဘဝခရီးဖော် အစရှိသည်တို့ကို ရွေးချယ်ရာ၌ ဤစာအုပ်ပါ အကြောင်းအရာများ၊ အကြံပေးချက်များက များစွာ အထောက်အကူပြုကြမည်ဖြစ်သည်။ ရှင်းလင်းချက်များနှင့်အတူ ကမ္ဘာကျော်ပုဂ္ဂိုလ်များစွာတို့၏ မျက်နှာများ၏ ဓာတ်ပုံနှင့် သရုပ်ပြပုံ ၁၇ဝ ကျော်ကို အထောက်အထားများနှင့်တကွ ဝေဖန်သုံးသပ်ဖော်ပြထားသည်ကို တွေ့ရသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|