|
Myanmar Books
Publishers
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
- တစ်ပွင့်သာ ပိုင်ပိုင်ပန်ချင်တယ် ... (စခန်းဝင်ယောဂီများ ဓမ္မပီတိစာတမ်းများ)
-
-
Author(s):
အရှင်ကေလာသ
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 100
- Binding: Paperback
- Publication Month Year: Nov-2012
- Size: 10 cm x 17 cm
|
- Description: ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အပြည်ပြည်ဆိုင်ရာ ဗောဓိအေးငြိမ်းရိပ်သာ (မောင်းထောင်မြေဇင်းတောရတိုက်ခွဲ)၌ တရားစခန်းဝင်ခဲ့ကြသည့် ယောဂီများ၏ အတွေ့အကြုံမှတ်တမ်း စာအုပ်ဖြစ်သည်။ အထူးသဖြင့် အာနာပါန (ပ)နည်းဖြစ်သော ဝါရေဝါမှတ် စတင်ရှုမှတ်ပြီး ၅ ရက်မြောက်နေ့တွင် နိမိတ်စတင်ပေါ်ပေါက်ကာ တည်မြဲသော နိမိတ်ကို နောက် ၃ ရက်တွင် ရရှိလာပုံ၊ ၎င်းနိမိတ်ကို အပို့အယူလုပ်ပြီး မြန်မာပြည်အနှံ့မှ ဘုရားများ၊ အိန္ဒိယပြည် ဗုဒ္ဓဂါယာရှိ ဘုရားများ၊ သီဟိုဠ်ရှိ ဘုရားများ၊ တာဝတိံသာရှိ စူဠာမဏိစေတီ၊ သိကြားမင်းစံရာ ဝေဇယန္တာနန်းပြသာဒ်နှင့် သုဓမ္မာဇရပ်၊ မြကျောက်ဖြာနှင့် ပင်လယ်က သစ်ပင်၊ ဗြဟ္မာပြည်ရှိ ဒုဿစေတီတော်တို့ကို မျက်ဝါးထင်ထင် ဖူးမြင်ခဲ့ရပုံများ၊ သမထပိုင်းဆိုင်ရာ ရှုကွက်ဖြစ်သော “ပါးထွက်နားထွက်”ရှုအပြီး ခန္ဓာကိုယ်တစ်ခုလုံး နိမိတ်အလင်းရောင်ဖြင့် ဖုံးလွှမ်းသွားပုံ၊ သမထ၏ နောက်ဆုံးရှုကွက်အဖြစ် နိမိတ်ကို “ငြိမ်းစေမည်”ဟု အပို့အယူ လုပ်ရပုံ၊ ဝိပဿနာ၏ အစရှုကွက်ဖြစ်သော “ရုပ်ကို သိမ်းဆည်းခြင်း” ရှုမှတ်အပြီး ခန္ဓာကိုယ်ရှိ ဦးနှောက်၊ နှလုံးအပါအဝင် အစိတ်အပိုင်းများ၏ ပျက်စီးနေပုံကို မြင်ရပုံ၊ “နာမ်သိမ်းဆည်းခြင်း”ရှုကွက်တွင် နာကျင်ကိုက်ခဲသော ဝေဒနာကြီးကို စူးစူးစိုက်စိုက် ရှုမှတ်နေရာမှ ၎င်းသည် ဝေဒနာငယ်များ ပေါင်းစပ်ဖြစ်ပေါ်နေသည်ကို တွေ့မြင်ရပုံ၊ “အကြောင်းကို သိမ်းဆည်းခြင်း”ရှုကွက်တွင် ခန္ဓာကိုယ်တစ်ခုလုံး အမှုန်အမွှားဖြစ်ကာ ငလျင်လှုပ်သကဲ့သို့ သွက်သွက်ခါ လှုပ်ရမ်းနေသည်ကို ရှုမှတ်ရပုံနှင့် အတိတ်ဘဝကို ပြန်မြင်ရပုံများကို ယောဂီများက ဤစာအုပ်တွင် ကိုယ်တိုင်ရေးသား မှတ်တမ်းတင်ထားကြသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|