|
Myanmar Books
Publishers
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- ဒေါမာန်ဟုန်ဟုန် (ဗမာပြည် ဒီမိုကရေစီတိုက်ပွဲ)
-
-
Author(s):
စံဝင်းမောင်
,
မင်းမျိုးနိုင်
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 349
- Binding: Paperback
- Publication Month Year: Aug-2020
- Size: 15 cm x 23 cm
|
- Description: ၈၈ အရေးအခင်းကာလ၏ နာမည်ကျော် သတင်းထောက် Bertil Lintner ရေးသားသည့် Outrage (Burma's Struggle for Democracy) စာအုပ်ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ တစ်ချိန်က အရှေ့တောင်အာရှတွင် အကြွယ်ဝဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပြီး ဒီမိုကရေစီအလားအလာ အလွန်ကောင်းမွန်ခဲ့သည့် မြန်မာနိုင်ငံကို စီးပွားရေး, နိုင်ငံရေး, လူမှုရေးအရ ချွတ်ခြုံကျ ပျက်စီးသွားစေခဲ့သော ဗိုလ်ချုပ်နေဝင်း ဦးဆောင်သည့် အုပ်ချုပ်သူများအပေါ် ပြည်သူလူထုများ၏ မကျေနပ်စိတ်များ ကြီးထွားလာရာမှ ပေါက်ကွဲခဲ့သည့် ၈၈ အရေးအခင်းကာလ မြင်ကွင်းများ၊ အရေးအခင်းအပေါ် စစ်တပ်၏ ကိုင်တွယ်ခဲ့ပုံ မှားယွင်းခဲ့ပုံမှ တစထက်တစ ဆန္ဒပြမှုများ ရန်ကုန်တွင်သာမက တစ်ပြည်လုံးတွင် ကြီးထွားလာပုံ၊ ဆန္ဒပြသူများကို စစ်မြေပြင်အလား ရက်ရက်စက်စက် နှိပ်နင်းခဲ့ပုံ၊ ၎င်းကာလက နိုင်ငံရေးသမားကြီး၏ လှုပ်ရှားမှုများ၊ အစိုးရခေါင်းဆောင်ပိုင်းအပြောင်းအလဲများ ပြုလုပ်ခဲ့ပုံများ၊ အရေးအခင်းကာလ လူသိနည်းသေးသော နိုင်ငံရေး, စစ်ရေးဖြစ်စဉ်များ၊ အာဏာသိမ်း စစ်ခေါင်းဆောင်များအကြောင်းနှင့် ၎င်းနောက်ကွယ်မှ ဖြစ်ရပ်များကို အသေးစိတ် မှတ်တမ်းတင် ရေးသားထားသည်။ ထို့ပြင် လွတ်လပ်ရေးရပြီးချိန်မှ စတင်ကာ မြန်မာပြည်၌ စစ်အာဏာရှင်စနစ် ကြီးထွားလာပုံ အဆင့်ဆင့်၊ စစ်အာဏာရှင်စနစ်ကို စတင်ခဲ့သူ ဦးနေဝင်းနှင့် သူ့မိသားစုအကြောင်းကိုပါ ရေးသားဖော်ပြထားသည်။ မူရင်းစာရေးသူသည် ဤစာအုပ်ပါ အရေးအခင်းကာလ အကြောင်းအရာများကို အရေးအခင်းအပြီး သူထိုင်း၌ရှိစဉ်ကာလက သူထံရောက်လာသော ထွက်ပြေးလာသည့် ကျောင်းသားများ၏ မျက်မြင်ပြောပြချက်များကို အဓိကမှီငြမ်း၍ မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|