|
Myanmar Books
Publishers
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: Aleksandr Kaznachev ရေးသားသည့် Inside A Soviet Embassy စာအုပ်ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ ၁၉၅ဝ ကျော်နှစ်များက အရှေ့တောင်အာရှတွင် ရှိသည့် သံရုံးများအနက် အကောင်းဆုံးနှင့် အခန့်ထည်ဆုံးဖြစ်ခဲ့သော မြန်မာနိုင်ငံရှိ ဆိုဗီယက်သံရုံးတွင် တာဝန်ထမ်းဆောင်ခဲ့သူ စာရေးသူက သံရုံး၏ အတွင်းရေးများကို ဤစာအုပ်တွင် အသေးစိတ် ဖွင့်ချရေးသားထားသည်။ ထိုစဉ်က ဖဆပလအစိုးရ ဖြုတ်ချရေးအတွက် ရေတိုရေရှည် အစီအစဉ်များ ချမှတ်ကာ ကွန်မြူနစ်များကို အားပေးအားမြှောက် ပြုလုပ်ခဲ့ပုံများ၊ ကွန်မြူနစ်နှင့် အတိုက်အခံများကို စည်းရုံးခြင်း၊ သူပုန်တို့အး လက်နက်ငွေကြေး ထောက်ပံ့ခြင်းတို့ကို မော်စကိုရှိ ပြည်သူ့လုံခြုံရေးဌာန၏ ညွှန်ကြားချက်ဖြင့် ဆောင်ရွက်ခဲ့ပုံများ၊ သူထိတွေ့ခဲ့ရသည့် ဆိုဗီယက်သံတမန်မျိုးဆက်သစ်တို့၏ စိတ်နေစိတ်ထား၊ သူအသားကျခဲ့ရသော ဆိုဗီယက်စနစ်ကို မြန်မာနိုင်ငံနှင့် နှိုင်းယှဉ်ကြည့်ရာမှ မြန်မာလူမျိုးတို့၏ ဘဝကို စိတ်ဝင်စားလာခဲ့ရပုံ၊ ထိုမှတဆင့် အမိနိုင်ငံ၊ မိဘမောင်ဖား၊ အလားအလာကောင်းသော အလုပ်အကိုင်တို့ကို စွန့်လွှတ်လျက် မရေရာ မသေချာသော အနာဂတ်သို့ ကူးပြောင်းခိုလှုံရန်အတွက် စွန့်စားရဲသောသတ္တိနှင့် ခိုင်မာသောစိတ်ဓာတ်ပေါ်ပေါက်လာခဲ့ပုံ၊ နောက်ဆုံးတွင် အနောက်နိုင်ငံသို့ ခိုလှုံရန် ထွက်ပြေးလာခဲ့ပုံများကို အသေးစိတ် မှတ်တမ်းတင် ရေးသားထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|