|
Myanmar Books
Publishers
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
- ကောလိပ်သူပုန် (စစ်အာဏာရှင်လက်ထက်တွင် ပထမဆုံးနှင့် နောက်ဆုံးသော တပ်တွင်းကောလိပ်တော်လှန်ရေး)
-
-
Author(s):
ကျော်သူစိုး (ကလေးမြို့)
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 90
- Binding: Paperback
- Publication Month Year: Sep-2016
- Size: 14 cm x 21 cm
|
- Description: တပ်မတော် နည်းပညာကောလိပ် (Military Technological College – MTC) အပတ်စဉ် (၃) MTC မေဂျာ ကျောင်းသားဟောင်း တယောက်ဖြစ်ပြီး ကျောင်းပြီးဆုံးသည်အထိ မတက်ရောက်ခဲ့ရဘဲ မန္တလေးထောင်၊ အင်းစိန်ထောင်၊ မော်လမြိုင်ထောင်၊ ကလေးထောင်၊ နောင်ချိုထောင်၊ မြစ်ကြီးနားထောင်တွေမှာ ထောင်ဒဏ် ၇နှစ် အပြစ်ပေးခြင်း ခံခဲ့ရသူ စာရေးသူက ဤစာအုပ်တွင် သူကိုယ်တိုင် ကြုံတွေ့ခံစားခဲ့ရတဲ့ တပ်မတော် နည်းပညာကောလိပ် အဖြစ်အပျက်တွေကို မှတ်တမ်းတင် ရေးသားထားသည်။ တပ်မတော် နည်းပညာ ကောလိပ် အကြောင်း၊ စီနီယာ ဂျူနီယာနှင့် အထက်အောက် ဆက်ဆံရေး၊ တပ်မတော်နည်းပညာကောလိပ် အရာရှိများက သင်တန်သားများကို မည်သို့ဖိနှိပ်ဆက်ဆံပုံ၊ MTC ကျောင်းသားတွေရဲ့ နေ့စဉ်ဖြတ်သန်းမှုပုံရိပ်၊ MTC စာသင်ခန်းအကြောင်း၊ လေ့ကျင့်ရေး သင်ကြားရေး လုပ်ဆောင်ခဲ့ရပုံများ၊ နောက်ဆုံးတွင် စာရေးသူအပါအဝင် MTC ကျောင်းသားများ၏ နာကျည်းစိတ်ကြောင့် ဖြစ်ပေါ်လာသော အုံကြွတော်လှန်မှု ဖြစ်ပေါ်လာပုံ၊ သို့သော် သတင်းမှောင်ချခြင်း ခံခဲ့ရပြီး ထောင်ဒဏ်ချမှတ်ခံခဲ့ရပုံများကို စာအုပ်တွင် စိတ်ဝင်စားဖွယ် ဖတ်ရှုကြရမည် ဖြစ်သည်။ “ဒီစာအုပ်ဟာ တပ်မတော် မုန်းတီးရေး လှုံဆော်တဲ့ စာအုပ် မဟုတ်ပါဘူး။ အများပြည်သူတွေ မြင်တွေ့ခွင့်မရတဲ့ တပ်မတော် သင်တန်း ကျောင်းသားတွေရဲ့ ဘဝတွေကို သိမြင်ခွင့်ရဖို့ မြန်မာနိုင်ငံတဝှမ်းက တက္ကသိုလ်ဝင်တန်း အောင်စ လူငယ်တွေ စစ်ထဲ ဝင်မယ်ဆိုရင် စစ်သင်တန်းဟာ ဘာလိုလဲဆိုတာ စေ့စေ့ငုငုသိပြီး သူများယောင်လို့ လိုက်မယောင်ဘဲ ဆုံးဖြတ်ချက် ချတတ်စေဖို့၊ မိဘဆွေမျိုးတွေ အနေနဲ့လည်း လူငယ်တွေကို လမ်းကြောင်းမှန် ရွေးချယ်တတ်စေအောင် လမ်းညွှန်မှု အထောက်အကူ ဖြစ်စေဖို့ ရည်ရွယ်ပါတယ်” ဟု စာရေးသူက အမှာစာတွင် ဆိုထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|