|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- ဘဝကြမ်းမှ ဓမ္မလမ်းသို့
-
-
Author(s):
မောင်သွေးချွန်
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 93
- Binding: Paperback
- Publication Month Year: Dec-2009
- Size: 12 cm x 18 cm
|
- Description: ရေနံချောင်းမြို့နယ် ပင်းဘုရားကုန်းရွာအနီး ကျားကိုက်ချောင်းသုဿာန်ကျောင်းတွင် သီတင်းသုံးလျက်ရှိသော ရေနံချောင်းဆရာတော် အရှင်ဝိမလ ဘဝအကြောင်း တစ်စေ့တစ်စောင်းဖြစ်သည်။ ဆရာတော်သည် ငယ်စဉ် လူဝတ်ကြောင်ဘဝက ဖဲရိုက်၊ ဂျင်ထိုး၊ အရက်သောက် ပေခဲ့ တေခဲ့ပြီး စိတ်မြန် လက်မြန် မကြာခဏရန်ဖြစ်ခဲ့မှုကြောင့် အချုပ်ထဲ ၆ ကြိမ်တိတိ ကျခဲ့သည်ဟုဆိုသည်။ လူလတ်ပိုင်းအရွယ်ရောက်၍ ကြက်သွန်ခင်းစောင့်ဘဝဖြင့် ရှိစဉ် တောမီးလောင်ကျွမ်းမှုကြောင့် တိရစ္ဆာန်များ သေကြေကြသည့် ဖြစ်ရပ်ကို သံဝေဂယူမိပြီး ဝိပဿနာတရားကို သေသေကြေကြ အားထုတ်ရာမှ တရားအရသာတွေ့ကာ ဓမ္မလမ်းကြောင်းပေါ်သို့ ရောက်ရှိခဲ့သည်။ ထိုသို့ ကမ်းကုန်အောင် ဆိုးမိုက်ခဲ့ရာမှ ကမ်းတစ်ဖက်သို့ အရောက်ကူးပြခဲ့သော၊ တုံးအောက်ကဖားတမျှ နိမ့်ကျလှသော ဘဝမျိုးမှ တရားဓမ္မကို အရယူပြ ပေးဝေငှခဲ့သော ဆရာတော်အကြောင်းနှင့်အတူ စာမတတ် ပေမတတ် အရှင်မြတ်၏ ခန္ဓာကိုယ်တွေ့ ဝိပဿနာတရားစုများကိုလည်း ဖတ်ရှုကြည်ညိုကြရမည်ဖြစ်သည်။ ထို့အတူ အမေရိကန် ရဟန်းတော်နှင့် ဆရာတော်တို့၏ အမေးအဖြေ၊ စာရေးဆရာ မြသန်းစံအား ဖြေကြားရှင်းလင်းပေးခဲ့သော သတိပဋ္ဌာန်တရားတော်၊ ဆရာတော်၏ သမာဓိထူထောင် ဉာဏ်အလင်းရောင် ရပါစေ တရားတော်တို့ကိုလည်း ထည့်သွင်း ပုံနှိပ်ထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|