|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: မြန်မာစာပေသမိုင်းတွင် ကလောင်နာမည်ခွဲ အများဆုံးရေးသားခဲ့သူ၊ ခေတ်စမ်းစာပေမှအစ စာပေအကြောင်းအရာ အစုံလင်ဆုံးရေးသားခဲ့သူ၊ အချိန်ကာလတိုတိုအတွင်း စာအများဆုံးရေးသားခဲ့သူ၊ မြန်မာစာပေအဆင့်အတန်း မြင့်မားတိုးတက်ရေးအတွက် ကိုယ်စွမ်းရှိသမျှ ကြိုးပမ်းအားထုတ်ခဲ့သူ ဆရာကြီးသိပ္ပံမောင်ဝ၏ ဘဝနှင့် ဆရာကြီး၏ စာပေ ဝတ္ထု ဆောင်းပါးအနည်းငယ်တို့ကို လက်လှမ်းမီသမျှ မှီငြမ်းပြုတင်ပြထားပါသည်။ ဤစာအုပ်တွင် တစ်ခေါ်စလောက် ထွန်းပေါက်ကျော်လှ သိပ္ပံမောင်ဝ၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားကြီး ကိုစိန်တင်၊ ဗြိတိန်နိုင်ငံ အောက်စ်ဖို့ဒါတက္ကသိုလ်ရောက် ကိုစိန်တင်၊ ထွဋ်ခေါင်ဆရာတော် ဒေါက်တာဘမော်နှင့် လယ်တီပဏ္ဍိက၊ ဘဝနှင့်ရင်း၍ ရေးခဲ့သော သိပ္ပံမောင်ဝ၏စာများ၊ သိပ္ပံမောင်ဝနှင့် လူထုဦးလှ၊ သိပ္ပံမောင်ဝနှင့် ခေတ်စမ်းစာပေ စသည့် ဆရာကြီးသိပ္ပံမောင်ဝ၏ ဘဝသမိုင်းမှတ်တိုင်များကို ပြည့်စုံစွာဖော်ပြထားသည်။ နောက်ဆက်တွဲအနေနှင့် ဆရာကြီး၏ သိပ္ပံမောင်ဝ သိပ္ပံကျောင်းသား မောင်မြသွင်အပါအဝင် ကလောင်ခွဲများနှင့် ရေးသားခဲ့သော စာမူများအနက်မှ လေလံပွဲ၊ ပစ္စန္တရစ်၊ မြင်းပွဲ၊ လှည်းသမား ဝတ္ထုတို(၄)ပုဒ်ကို ဖော်ပြထားပါသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|