|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- မိခင်လောင်းတို့အတွက် ကျန်းမာရေးလမ်းညွှန်
-
-
Author(s):
ဒေါက်တာမာမာဆွေ
- Type: Myanmar Books
-
Category:
ကျန်းမာရေးနှင့် ဆေးပညာ
- No of Pages: 171
- Binding: Paperback
- Publication Month Year: Nov-2005
- Size: 13 cm x 20 cm
|
- Description: ကိုယ်ဝန်ဆောင်ခြင်း ဟူသည်မှာ သဘာဝတရားကြီးက မိန်းမသားများကို အပ်နှင်းထားသော ဘဝပေးတာဝန်ကြီးတစ်ရပ် ဖြစ်သည်။ ထိုသို့ ကြီးမားခမ်းနားသော ဘဝသို့ ရောက်ရှိလာသူ မိန်းမသားများသည် မိမိ၏မိခင်လောင်းဘဝကို အမှုမဲ့အမှတ်မဲ့ ဖြတ်သန်းရင်း ကျန်းမာရေးအသိပညာနှင့်ချိန်ထိုးသုံးသပ်ခြင်း မပြုကြသဖြင့် သားမွေးချိန်၌ အခက်အခဲကို အသက်နှင့်ရင်း၍ ရင်ဆိုင်ရသည်။ ကမ္ဘာ့ လူဦးရေ၏ တစ်ဝက်ကျော်ကျော်လောက်ရှိသည့် မိန်းမသားထု၊ တစ်နည်းအားဖြင့် မိခင်ထုတို့အတွက် ကိုယ်ဝန်ဆောင်ချိန်တွင် မည်သို့နေထိုင်စားသောက်ကျင့်ကြံသင့်သည်၊ မွေးဖွားချိန်နီးလာသည့်အခါ မည်သို့အသင့်ပြင်ဆင်ထားသင့်သည်၊ မွေးဖွားပြီးချိန်တွင်လည်း မည်သို့ဆက်လက်နေထိုင်သင့်သည်တို့ကို ဤစာအုပ်တွင် လမ်းညွှန်ပြသပေးထားသည်။ ကိုယ်ဝန်ရှိခါစအချိန်၊ ကိုယ်ဝန်ဆောင်စဉ်အာဟာရ၊ ကိုယ်ဝန်ဆောင်စဉ် လေ့ကျင့်ခန်းများ၊ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါ၊ ကျန်းမာရေးဆိုင်ရာပြဿနာများ၊ ကိုယ်ဝန်ဆောင်များရဲ့ အတွေးနဲ့ခံစားချက် စသည့် ကိုယ်ဝန်ဆောင်မိခင်လောင်းတိုင်း ဖတ်ရှုသင့်သည့် ဆောင်းပါး(၆)ပုဒ် ပါဝင်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|