|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ကမ္ဘာကျော် စစ်ဗိုလ်ချုပ်ကြီး မောင်ဂိုမာရီ
-
-
Author(s):
ဗိုလ်အောင်
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 317
- Binding: Paperback
- Publication Month Year: Mar-2009
- Size: 13 cm x 21 cm
|
- Description: ရာစုနှစ်တစ်ဝက်(နှစ်ပေါင်း ၅ဝ)တိုင်တိုင် ဗြိတိသျှ ကြည်းတပ်မတော်ထဲ ဦးဆွေးဆံမြည့် အမှုထမ်းခဲ့သော ကမ္ဘာကျော် စစ်ဗိုလ်ချုပ်ကြီး မောင်ဂိုမာရီ၏ အတ္ထုပ္ပတ္တိစာအုပ်ဖြစ်သည်။ အလွန်စေ့စပ်သေချာ၍ နည်းဗျူဟာသာမက မဟာဗျူဟာကိုပါ ပိုင်နိုင်သူ၊ အရာရာကို ကြိုတင်မျှော်တွေး၍ အသေချာ လေ့လာပြင်ဆင်သူ၊ ပြိုင်ဘက် နာမည်ကျော် ဂျာမန်စစ်ဗိုလ်ချုပ် ရွန်းမဲလ်နှင့် ရင်ဆိုင်ရာတွင် “ဒါဆိုရင် ရွမ်းမဲလ် ဘာလုပ်မလဲ”ဟု ပြဿနာတစ်ရပ်ကြုံတိုင်း ရွန်းမဲလ်ကဲ့သို့ စဉ်းစားလေ့ရှိသူ၊ ခေါင်းဆောင်မှု အရည်အချင်းပြည့်ဝသည့်အပြင် စစ်ပရိယာယ် သေနင်္ဂဗျူဟာ ကြွယ်ဝသော၊ သဘောထားကြီးသော၊ လူကြီးလူကောင်း ပီသသော တိုက်တိုင်းအောင် တစ်ခေတ်မှာ တစ်ယောက် ထွန်းပေါက်ခဲ့သည့် ရှားမှရှား ဗိုလ်ချုပ်ကြီး မောင်ဂိုမာရီအကြောင်းကို ပြည့်ပြည့်စုံစုံ သိခွင့်ရစေမည်ဖြစ်သည်။ သူ့အကြောင်းနှင့်အတူ သူဆင်နွှဲခဲ့သည့် ကမ္ဘာကျော်တိုက်ပွဲဖြစ်သော အလမ်ဟာဖာ တိုက်ပွဲ၊ အလမ်မိန်းတိုက်ပွဲ၊ ထရစ်ပိုလီတိုက်ပွဲ၊ စစ္စလီကျွန်းတိုက်ပွဲ၊ မီဒင်နိုင် တိုက်ပွဲ၊ မဲရဒ် တိုက်ပွဲ၊ နော်မန်ဒီတိုက်ပွဲ၊ အာနှင်တိုက်ပွဲ၊ အာဒဲနီစ် တိုက်ပွဲများအကြောင်းကို သူ၏ စစ်ရေးအမြင်၊ ဗျူဟာများနှင့်တကွ အသေးစိတ် ရေးသားထားသည်။ ထို့ပြင် သူ၏ ရှားပါးဓာတ်ပုံများစွာကိုပါ ထည့်သွင်းထားသည်ကို တွေ့ရသည်။ မောင်ဂိုမာရီကိုယ်တိုင်ရေးသားထားသည့် The Memoirs of Field-Marshal Montgomeryကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|