|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- အင်္ဂလိပ်တွေ ဒီလိုပြောကြပါတယ် (Englishmen Speak Like So) (Handbook)
-
-
Author(s):
နေဖူးဘဆွေ
- Type: Myanmar Books
-
Category:
ဘာသာစကား / ဘာသာဗေဒ
- No of Pages: 960
- Binding: Paperback
- Publication Month Year: Mar-2018
- Size: 21 cm x 30 cm
|
- Description: အင်္ဂလိပ်စကားပြောဆိုရာတွင် အသံထွက်မှန်ကန်ရေးအတွက် အရေးကြီးသော အင်္ဂလိပ်အသံဖွဲ့ထုံးများကို လေ့လာနိုင်ရန် သဒ္ဒဗေဒပညာရှင်များက ကမ္ဘာသုံးအသံ သင်္ကေတများကို တီထွင်ခဲ့ကြသည်။ ၎င်းတို့ကို IPAInternational Phonetic Alphabetဟု အများ သိကြသည်။ ဤစာအုပ်တွင် ထို IPAအကြောင်းနှင့်တကွ IPAများအသုံးပြုကာ အသံထွက်မှန် အင်္ဂလိပ်စကားပြောများ လေ့ကျင့်နိုင်အောင် စီစဉ်ရေးသားထားသည်ကို တွေ့ရသည်။ အင်္ဂလိပ်ဗျည်း၊ သရ၊ သရတွဲနှင့် သရ(၃) သံတွဲတို့၏ အသံများ၊ ဖိရွတ်သံ၊ လေယူလေသိမ်း၊ မူလအသံပြောင်းသွားပုံ၊ အတိုကောက်စာလုံးများ၊ အကူကြိယာနှင့် စိတ်အမူအရာပြ ကြိယာများ၊ ကာလပြဇယားများနှင့် သဒ္ဒါနည်းအရ ဝါကျပုံစံများကို အဓိပ္ပာယ်မပြောင်းဘဲ ပြောင်းနည်း၊ ယဉ်ကျေးစွာ အမေးအဖြေစကားပြောခြင်း၊ စကားသွက်လက် လျင်မြန်စေရန်အတွက် လေ့ကျင့်ခန်းများ၊ အသုံးများ အသုံးဝင်သော စကားပြော ကြိယာများ၊ စိတ်အမူအရာပြ ကြိယာများ ဇယားအချုပ်၊ ကြိယာပုံစံများနှင့် ဝါကျပုံစံများ အနှစ်ချုပ်၊ ဗြိတိသျှ အင်္ဂလိပ်နှင့် အမေရိကန် အင်္ဂလိပ်ဝေါဟာရများ၏ အခေါ်အဝေါ် ခြားနားချက်များအကြောင်းကို အသေးစိတ်လေ့လာနိုင်ကြမည်ဖြစ်သည်။ စာအုပ်ပါစကာပြောတိုင်းကို IPAအသုံးပြုကာ အသံထွက် မှန်မှန်ကန်ကန် ပြောနိုင်အောင် ရေးသားရှင်းလင်းထားသည်ကို တွေ့ရသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|