|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- ရသေ့ကျင့်ဝတ် ရသေ့ဓလေ့
-
-
Author(s):
အရှင်ဇောတိက (န.ပ.သ - ရန်ကုန်)
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 330
- Binding: Paperback
- Publication Month Year: 2009
- Size: 13 cm x 21 cm
|
- Description: လူ့လောကဝယ် လမ်းစဉ်နှစ်သွယ် မြင်တွေ့နိုင်ရာ ၎င်းတို့မှာ အာဂါရိကဟူသော အိမ်ရောတည်ထောင် လူ့ဘောင်လောကမှာ နေထိုင်ခြင်းနှင့် အနာဂါရိကဟူသော အိမ်ရာတည်ထောင် လူတို့ဘောင်ကို ခွာရှောင်၍ အပ္ပဇ္ဇ(ရသေ့၊ ရဟန်း၊ ပရိဗိုဇ်)အဖြစ်သို့ ဝင်ရောက်ခြင်းပင်ဖြစ်သည်။ ဤစာအုပ်တွင် ရသေ့အကြောင်းကို အသေးစိတ် သုတေသနပြုထားပြီး ရသေ့စတင်ပေါ်ပေါက်လာခြင်း၊ ရသေ့ပြုခြင်း၏ စစ်မှန်သော ရည်ရွယ်ချက်၊ ရသေ့အမျိုးအစား၊ ရသေ့ကျင့်ဝတ်နှင့် ကျင့်စဉ်၊ ရသေ့စွမ်းရည်နှင့် ဆောင်ရွက်ချက်၊ ရသေ့အသွင်အပြင်နှင့် အသုံးအဆောင်၊ ရသေ့နှင့် ဆက်စပ်မှုရှိသော ပရိဗိုဇ်အကြောင်း၊ ရသေ့အပေါ် မြတ်ဗုဒ္ဓအမြင်၊ ရသေ့များ သာသနာတော်ကို တည်တံ့ပြန့်ပွားစေနိုင်ခြင်း ရှိ/မရှိစသော ရသေ့နှင့် ပတ်သက်၍ သိသင့်သိထိုက်သော အကြောင်းအရာများကို ပြည့်စုံနိုင်သမျှ ပြည့်စုံအောင် ရေးသားထားသည်ကို တွေ့ရသည်။ ဤစာအုပ်ပြုစုသူ ဆရာတော်သည် မင်းကွန်းဆရာတော် ၁၉၈၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်)၏ ပထမဆုံး သင်တန်းသား ၃၂ ပါးတွင် တစ်ပါးပါဝင်ခဲ့ပြီး ဤစာအုပ်သည် စာရေးသူဆရာတော် M.A(Buddhism)ဘွဲ့ယူရန် Thesisအဖြစ် တင်ခဲ့သော ကျမ်းစာအုပ်ဖြစ်သည်။ ဆရာတော်သည် ယခုအခါ နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်)တွင် စာချကထိကဆရာတော်အဖြစ် စာဝါများ ပို့ချလျက်ရှိသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|