|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: ၁၉၆၇ ခုနှစ်တွင် ရုပ်ရှင်လောကသို့ ဝင်ရောက်ခဲ့ပြီး ယနေ့ထိုင် သူ၏ ဂယက်ရိုက်ခတ်ဆဲဖြစ်သော ဦးကျော်ဟိန်းအကြောင်း တစ်စေ့တစ်စောင်းဖြစ်သည်။ စာအုပ်တွင် ကျော်ဟိန်း၏ ရုပ်ရှင်လောကဝင်ရောက်လာချိန်မှ စတင်ကာ သူ့ဘဝတစ်လျှောက် ရိုက်ကူးခဲ့သည့် ရုပ်ရှင်၊ ဗွီဒီယိုစာရင်းနှင့် အမှတ်ရစရာများ၊ ထိုခေတ် ထိုအခါ ဂျာနယ်၊ မဂ္ဂဇင်းများမှ ကျော်ဟိန်းအပေါ် အမြင်၊ သဘောထားများ၊ စာနယ်ဇင်းများတွင် ဖော်ပြခဲ့ကြသည့် ကျော်ဟိန်းနှင့် ပတ်သက်သည့် ဆောင်းပါးများ၊ ဆရာကြီးဦးသုခ၊ ဆရာအောင်သင်း၊ မင်းသိင်္ခအပါအဝင် အနုပညာနယ်ပယ်မှ လုပ်ဖော်ကိုင်ဖက်များနှင့် အပြန်အလှန် ပေးစာများ၊ သက်ကြီးပိုင်းသို့ ဝင်လာသော ကျော်ဟိန်းအပေါ် ဆရာဝင်းငြိမ်း၊ မြတ်ခိုင်အပါအဝင် စာနယ်ဇင်းသမားများ၏ မေးခွန်းထုတ်ခဲ့ပုံများအပါအဝင် ကျော်ဟိန်း မှတ်တိုင်များနှင့် အမှတ်ရစရာများကို သိရှိကြရမည်ဖြစ်သည်။ ရုပ်ရှင်အလုပ်ကို အလုပ်နှင့်တူအောင် လုပ်ခဲ့၍ အောင်မြင်မှုရရှိသလို ငယ်စဉ်က မူးယစ်ဆေးစွဲသော၊ လမ်းသရဲဖြစ်ခဲ့သော ကျော်ဟိန်း၏ ဘဝတွင် သင်ခန်းစာယူစရာများ၊ အတုယူစရာများ ပြည့်နှက်နေရာ ယခုစာအုပ်တွင် သူဘဝအကြောင်းကို အကောင်းအဆိုးမကျန် ဖွင့်ချပြထားသည်။ တစ်အုပ်လုံးကို စက္ကူချောများဖြင့် ရိုက်နှိပ်ထားပြီး ရောင်စုံဓာတ်ပုံ ဝေဝေဆာဆာ ထည့်သွင်းပေးထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|