|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- အောင်မြင်သူဖြစ်လာနည်းနှင့် လက်တွေ့တိုးတက်အောင်မြင်ရေး နည်းလမ်းများ
-
-
Author(s):
မောင်မောင်သိမ်း (အာမခံ)
- Type: Myanmar Books
-
Category:
သုတစာပေ
- No of Pages: 247
- Binding: Paperback
- Publication Month Year: Oct-2009
- Size: 11 cm x 17 cm
|
- Description: အိုးအိမ်ဦးစီ၏ဌာနတွင် လက်ထောက်ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း၊ မြန်မာ့ကြယ်ငါးပွင့်သင်္ဘောကော်ပိုရေးရှင်းတွင် မန်နေဂျာအဖြစ်လည်းကောင်း၊ မြန်မာ့အာမခံလုပ်ငန်းတွင် ဒုတိယအထွေထွေမန်နေဂျာအဖြစ်လည်းကောင်း တာဝန်များကို ထမ်းဆောင်ခဲ့ပြီး တက္ကသိုလ်များတွင်လည်း ဆင့်ပွားသင်တန်းများ ပို့ချလျက်ရှိသူ စာရေးသူက ယခုစာအုပ်တွင် အောင်မြင်မှုကို ရယူဆုတ်ကိုင်လိုသူတို့အတွက် ဆောင်ရန် ရှောင်ရန် အချက်အလက်ပေါင်းများစွာ၊ နည်းနာပေါင်းများစွာ၊ အတွေ့အကြုံပေါင်းများစွာကို ဆောင်းပါးများခွဲ၍ ရေးသားထားသည်။ စာအုပ်ပါ အောင်မြင်ရေး နည်းလမ်းများသည် သီအိုရီသက်သက်မဟုတ်ဘဲ နယ်ပယ်အသီးသီးမှ ကမ္ဘာကျော်ပုဂ္ဂိုလ်များ၏ စမ်းသပ်အောင်မြင်ပြီးသော လက်တွေ့နည်းလမ်းများဖြစ်သည်ဟု စာရေးသူက ဆိုထားသည်။ အောင်မြင်သူ ဖြစ်လာနည်း၊ ဆုံးရှုံးမှုကို နှစ်ဆတိုးလိုက်သော်၊ အကောင်းဆုံး အနားယူနည်း ၃ မျိုး၊ မှတ်ဉာဏ်ကောင်းရန် နည်း ၇ သွယ်၊ သူတို့ ဘယ်ပုံ ကြီးပွားလာ၊ လူချစ်လူခင် ပေါများလိုသလား၊ ခေါင်းအေးအေးထားနည်း အတတ်ပညာ၊ မျက်နှာပွင့်လိုသူ လူငယ်များအတွက်၊ စိတ်လေလွင့်ခြင်းကို ကုစားနည်း၊ လူချစ်လူခင်များ မများ သိလိုသော်၊ ၂၄ နာရီ အကျိုးရှိရှိ နေနည်း၊ အလုပ်တွင်ကျယ်အောင် ပြုလုပ်နည်း၊ ဦးနှောက်၏ အံ့ဖွယ်စွမ်းရည်၊ စဉ်းစားဉာဏ် ထက်သန်စေလိုသော်၊ အလုပ်များသည့် ဒဏ်ခံနိုင်၍ အလုပ်များများ လုပ်နိုင်ရန်၊ စီမံခန့်ခွဲသူ မန်နေဂျာဟူသည်၊ သြဇာထက်နည်း အပါအဝင် ဆောင်းပါး ၂၃ ပုဒ်ပါရှိသည်။ ဆောင်းပါးများမှာ သင့်ဘဝအောင်မြင်ရေး၊ သုတပဒေသာအပါအဝင် မဂ္ဂဇင်းများတွင် ဖော်ပြခဲ့ပြီးဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|