|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- သမ္မတအာမာဒီနီဂျတ်နှင့် နျူးကလီးယားအီရန်
-
-
Author(s):
ဟိန်းလတ်
- Type: Myanmar Books
-
Category:
နိုင်ငံရေး
- No of Pages: 259
- Binding: Paperback
- Publication Month Year: Mar-2010
- Size: 13 cm x 21 cm
|
- Description: သမ္မတဖြစ်လျှင် ဖြစ်ချင်း ပြောကြားခဲ့သည့် “အစ္စရေးနိုင်ငံကို ကမ္ဘာ့မြေပုံပေါ်ကနေ ဖယ်ရှားပစ်မယ်”ဟူသော စကားကြောင့်တစ်ကမ္ဘာလုံး ထိန့်လန့်အံ့သြဖြစ်စေခဲ့သည့် အီရန်သမ္မတအာမာဒီနီဂျတ်အကြောင်းနှင့် လိပ်ခဲတည်းလည်းဖြစ်နေသော နျူးကလီးယားပြဿနာအကြောင်းကို အီရန်နိုင်ငံ၏ သမိုင်းစဉ်နှင့်တကွ ရေးသားထားသော စာအုပ်ဖြစ်သည်။ အီရန်နိုင်ငံ၏ သမိုင်းကြောင်းကို ပြန်ပြောင်းရေးသားထားရာတွင် ရှားဘုရင်လက်ထက်နှင့် ဘာသာရေးခေါင်းဆောင် “အယာတိုလာခိုနေီ”တို့၏ ပဋိပက္ခ၊ စီအိုင်အေကို ကျောထောက်နောက်ခံပြုထားသည့် ရှားဘုရင်၏ ကျဆုံးခန်း၊ အီရတ်နှင့် စစ်ဖြစ်ခဲ့ပုံနှင့် အနိုင်အရှုံး၊ အယာတိုလာခိုနေီ အစ္စလာမ်မစ်သမ္မတနိုင်ငံကို ထူထောင်ပြီးနောက် အနောက်နိုင်ငံများနှင့် ဆက်ဆံရေး တင်းမာလာပုံ၊ ထိုနောက်ပိုင်း အာမာဒီနီဂျတ်အပါအဝင် အီရန်ခေါင်းဆောင်များသည် သူတို့နိုင်ငံ လုံခြုံရေးအတွက် နျူးကလီးယားလက်နက်ပိုင်ဆိုင်ရေး အာရုံစိုက် လုပ်ဆောင်လာပုံ၊ လက်ရှိနျူးကလီးယားစီမံကိန်း ပြီးစီးမှုအခြေအနေ၊ နိုင်ငံတကာနှင့် အပေးအယူ ညှိနှိုင်းဆောင်ရွက်မှုများအပါအဝင် တစ်ကမ္ဘာလုံးက ရင်တထိတ်ထိတ်ဖြင့် စောင့်ကြည့်နေရသည့် အီရန်အရေးကို ခြုံငုံသုံးသပ်မိနိုင်အောင် ရေးသားထားသည်ကို တွေ့ရသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|