|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: စာရေးဆရာ သိပ္ပံမောင်ဝကိုယ်တိုင် ဂျပန်ဝင်ချိန် စစ်အတွင်း အသက်လု ပြေးလွှား ပုန်းအောင်နေရသည့် ကြားမှ ရေးသားထားခဲ့သည့် စစ်အတွင်း နေ့စဉ်မှတ်တမ်းဖြစ်သည်။ သိပ္ပံမောင်ဝ မှတ်တမ်းကို ၅-၁-၁၉၄၂ ခုနှစ်မှ စတင်ထားပြီး ၁၉၄၂ ခုနှစ် ဇွန် ၆ ရက်နေ့ ရွှေဘိုခရိုင် ဗိုလ်တဲ၌ ဓားပြများ၏ အထင်မှား လက်လွန်မှုကြောင့် ကွယ်လွန်သည့်ရက် မတိုင်ခင် ၁ ရက်အထိ ရေးသားခဲ့သည်။ ရန်ကုန်တွင် စစ်ရိပ်သန်းလာမှုကြောင့် နယ်မြို့များသို့ ရှောင်တိမ်းလာခဲ့သော သိပ္ပံမောင်ဝတို့ မိသားစု၏ ကိုယ်တွေ့မျက်မြင် စစ်အနိဋ္ဌာရုံများ၊ စစ်အတွေ့အကြုံများ၊ ရောက်ရှိရာ မြို့များတွင် ဝမ်းရောဂါအပါအဝင် ရောဂါကပ်ဆိုးများ ကျရောက်မှုတို့ကို ထောင့်စေ့အောင် မှတ်တမ်းတင်ထားနိုင်သည်ကို တွေ့ရသည်။ စာရေးဆရာ သိပ္ပံမောင်ဝသည် သူ၏ မှတ်တမ်းတစ်နေရာတွင် ရေးသားထားရာ၌ သူသည် ၁၉၄၂ ခုနှစ် မွေးနေ့မတိုင်မှ သေလောက်သော ဘေးတွေ့မည်ဟု ဗေဒင်ဆရာက ဟောထားရာ ယခုစာအုပ်အဆုံးသတ်ချိန် သူ၏ မွေးနေ့ဖြစ်သည့် ၅-၆-၁၉၄၂ ခုနှစ်တွင် သေဘေးမှ လွတ်မြောက်ပြီဟု ယုံကြည်ဝမ်းမြောက်မိသည်ဟု ဆိုသည်။ သို့သော် နောက်တစ်နေ့ဖြစ်သည့် ၆-၆-၁၉၄၂ ခုနှစ်တွင် ဓားပြများ သတ်ဖြတ်မှုကြောင့် ကွယ်လွန်ခဲ့ရသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|