|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
- ကျေးဇူးရှင် ဆရာတော်ဘုရားကြီး ဦးသီလာနန္ဒာဘိဝံသ အထိမ်းအမှတ် မော်ကွန်းစာစောင်
-
-
Author(s):
ကလောင်စုံ
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 350
- Binding: Paperback
- Publication Month Year: Jun-2010
- Size: 19 cm x 27 cm
|
- Description: အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် အမေရိကား ထေရဝါဒ ဗုဒ္ဓဘာသာအသင်းကြီး၏ နာယက၊ ဟဖ်မွန်းဘေးမြို့ ဓမ္မာနန္ဒဝိဟာရကျောင်း ကျောင်းထိုင်ဆရာတော်၊ ကယ်လီဖိုးနီးယားပြည်နယ် ဥက္ကလန်မြို့ ဓမ္မစက္ကတရားဌာနနှင့် ဖလော်ရီဒါပြည်နယ် လာဂိုမြို့ ဗောဓိထရီးတရားရိပ်သာ၏ သြဝါဒစရိယဆရာတော်၊ ဆန်ဟိုဈေးမြို့ တထာဂတတရားရိပ်သာ၏ သြဝါဒစရိယ၊ ရန်ကုန်ရှိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၏ ပထမဆုံး ပါမောက္ခချုပ်ဆရာတော်ဖြစ်တော်မူခဲ့သော ဆရာတော် ဦးသီလာနန္ဒ၏ ပဋိယတ် ပဋိပတ်စွမ်းရည်များကို ရဟန်းရှင်လူများက ဆောင်းပါးများခွဲ၍ ပူဇော်ရေးသားထားခြင်းဖြစ်သည်။ ဆရာတော် မြန်မာပြည်တွင်ရှိစဉ်က လောကီ လောကုတ်ပညာများကို ကြိုးစားအားထုတ် လေ့လာဆည်းပူးခဲ့ပုံများ၊ ဘက်ပေါင်းစုံ ပညာထူးချွန်ခဲ့ပုံများ၊ မဟာစည်ဆရာတော်နှင့်အတူ အမေရိကားသို့ ရောက်ရှိပြီးနောက် ဆရာတော်ကြီး၏ တာဝန်ပေးချက်အရ အမေရိကားတွင် သာသနာပြုရန် ကျန်ရစ်ခဲ့ပုံ၊ အမေရိကားတွင် ဘာသာခြားများကြား၌ ခက်ခက်ခဲခဲ သာသနာပြုနိုင်ခဲ့ပုံများ၊ ဆရာတော်၏ ဘဝနေဝင်ချိန် နောက်ဆုံး မြင်ကွင်းနှင့်တကွ ရဟန်းရှင်လူများ ချီးကျူးခဲ့ရသည့် ဆရာတော် ရေးသားခဲ့သော ကျမ်းစာများအကြောင်းများကိုပါ စာအုပ်ပါဆောင်းပါးများတွင် ပြည့်ပြည့်စုံစုံ သိရှိ ကြည်ညိုကြရမည်ဖြစ်သည်။ ပါဝင်သော ဆောင်းပါးစာရင်းကို စာမြည်းရန်တွင် ဖတ်ရှုနိုင်ပါသည်။ စာအုပ်ကို စက္ကူချောများဖြင့် သေသပ်ကျနစွာ ပူဇော်ရိုက်နှိပ်ထားသည်ကို တွေ့ရသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|