|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ရာဇဝင်ကျော်
-
-
Author(s):
ရှင်မဟာသီလဝံသ
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 185
- Binding: Paperback
- Publication Month Year: Aug-2010
- Size: 11 cm x 18 cm
|
- Description: မဟာသမ္မတမင်းမှစ၍ မဇ္ဈိမတိုင်းမင်းဆက်၊ သီဟိုဠ်မင်းဆက်နှင့် မြန်မာမင်းဆက်တို့နှင့်တကွ မှတ်သားစရာ တိုင်းပြည်မြို့ရွာ အင်္ဂါလက္ခဏာ အဖြာဖြာ ပါရှိသည့် ရှင်မဟာသီလဝံသ၏ ရာဇဝကျော်နှင့် သူ၏ နောက်ဆက်တွဲ သီဟိုဠ် - မြန်မာ မင်းပြိုင်စာတို့ကို စုစည်းရိုက်နှိပ်ထားခြင်းဖြစ်သည်။ “မည်သို့ပင်ဖြစ်စေ ဤရာဇဝင်ကျော်သည် (၁) အဦးအစလောက်သော ရာဇဝင်ဖြစ်ခြင်း၊ (၂) အစောဆုံး မြန်မာပြန်ဖြစ်ခြင်း၊ (၃) အစောဆုံး နိဿကျမ်းဖြစ်ခြင်း။ ဤအကြောင်း ၃ ချက်တို့ကြောင့် မြန်မာစာပေနယ်ပယ်၌ သမိုင်းဝင် စာစောင်အဖြစ် ထားရှိသင့်ပေသည်”ဟု ဟံသာဝတီစာတည်းအဖွဲ့မှ လည်းကောင်း၊ “... ထင်ရှားတွေ့ရှိသမျှ ရာဇဝင်ကျမ်းများတွင် ဤရာဇဝင်ကျော်သည် အဟောင်းဆုံးဖြစ်သည်။ ...”ဟု ဦးဖေမောင်တင်မှလည်းကောင်း၊ “ ... မြန်မာမင်းဆက်အပိုင်းကို သရေခေတ္တရာ မင်းဆက်မှစ၍ ရွှေနန်းကြော့ရှင်အထိ အကျဉ်းသာ ရေးသားထားသည်။ ... အရေးအသား ရှင်းလင်းကျစ်လစ်သည်။”ဟု မြန်မာစာပါမောက္ခ မောင်ခင်မင်(ဓနုဖြူ) မှလည်းကောင်း မှတ်ချက်ပြုခြင်းခံခဲ့သည့် ဤကျမ်းကို အစအဆုံး ဖတ်ရှုရမည့်အပြင် သုတေသီများအတွက် အောက်ခြေမှတ်စုများပါ ထည့်သွင်းပေးထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|