|
|
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: အလယ်တန်းကျောင်းသားအရွယ်က အားလပ်ချိန်များတွင် ဖခင်ဖြစ်သူ စာရေးဆရာ ဒါရိုက်တာ သာဓု၏ ရုပ်ရှင်လုပ်ငန်းများ၌ တောက်တိုမယ်ရ ဝင်လုပ်ရင်း ရုပ်ရှင်ပညာသင်ယူခဲ့သည့် စာရေးသူသည် အရက်သောက်တတ်သူ မန်နေဂျာထံတွင် တပည့်ခံမိရာမှ ပထမ ဘီယာ၊ နောက်တော့ ရမ်၊ နောက်ဆုံး အရက်အထိ သောက်သုံးတတ်လာခဲ့သည်။ ရုပ်ရှင်မင်းသားဖြစ်လာချိန်၌မူ အရက်သမား လုံးလုံးဖြစ်ခဲ့ရပြီး နောက်ဆုံးကွယ်လွန်ချိန်အထိ အရက်ဖြတ်လိုက်၊ ပြန်သောက်လိုက်ဖြင့် သံသရာလည်ခဲ့သည်။ စာရေးဆရာလည်းဖြစ်သူ စာရေးသူက သူ၏ အရက်သမားဘဝ အတွေ့အကြုံနှင့် ကြုံတွေ့ရ ကမောက်ကမများအကြောင်းကို မကွယ်မဝှက်ဘဲ သောကြာမဂ္ဂဇင်းတွင် ရင်ဖွင့်ရေးသားခဲ့ရာ ယခုစာအုပ်သည် ထိုဆောင်းပါးများကို စုစည်း၍ စာအုပ်အဖြစ် ထုတ်ဝေထားခြင်း ဖြစ်သည်။ ဆောင်းပါးများမှာ အရက်သမား အမှားတစ်ခါ၊ တစ်ခါမှား တစ်ခါမိ၊ ဗိုလ်အောင်ဒင်ကို လွမ်းရခြင်း၊ မကောင်းသူထိပ် ကောင်းသူထိပ်၊ ဂွတ်ဒ် မောနင်း ဟောင်ကောင်၊ ဒေါင့်ကြီးပွဲမှာလေ၊ ရွှေမန်းတင်မောင်၏ လွန်းတရာ ချိတ်ပုဆိုးကြီး၊ သာဓု - သုမောင် စာပေတိုက်ပွဲ၊ တစ်ခါတုန်းကပေါ့ဗျာ၊ သုမောင်၏ အရက်ပုလင်းနှင့် ခင်သန်းနု၏ ရေမွှေးပုလင်း၊ မောင့်ဆိုးမျိုး ခံနိုင်သူကို၊ ကွေးအပေါ်တင်သည့် ကြွေး၊ ၊ ဝင်းဦး၏ “ခွေးတွေနှင့် လေ ...”၊ ယောက္ခမကြီး မျက်နှာညိုသဗျ၊ မုဆိုးသုံးယောက်နှင့် သမင်များ၊ ပထမအကြိမ် အရက်ဖြတ်ခြင်းတို့ ဖြစ်ကြသည်။ ကောင်းကျိုးနည်းပါးလှပြီး ဆိုးကျိုးများလှသော အရက်၏ ကျေးကျွန်ဖြစ်ခဲ့သူတစ်ဦး၏ သတိသံဝေဂရဖွယ် ဖြစ်ရပ်များကို စာအုပ်မှတဆင့် စိတ်ဝင်စားဖွယ် ဖတ်ရှုကြရမည် ဖြစ်သည်။
|
|
|
|
|
|
|
|
|