|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: စာရေးသူ ဒေါက်တာဒဂုန်ခင်သဇင်သည် အိန္ဒိယနိုင်ငံ ကိုးလ်ကတ္တာမြို့ အေအာရ်ပီ နက္ခဗေဒင်တက္ကသိုလ်မှ နက္ခဗေဒဆိုင်ရာ မဟာဒဿန (M.Phil)ဘွဲ့အတွက် A Study On The Spinsters And Old Bachelors From Astrological Point of Viewခေါင်းစဉ်ဖြင့် နက္ခဗေဒင်ဆိုင်ရာကျမ်းကို တင်သွင်းခဲ့ရာ ဤစာအုပ်မှာ ထိုကျမ်းကို စာအုပ်အသွင်ဖြင့် ပေါ့ပေါ့ပါးပါး ပြန်လည်ရေးသားထားခြင်းဖြစ်သည်။ စာအုပ်တွင် လူ့လောက လူ့ဝန်းကျင်တွင် အချိန်တန် အရွယ်ရောက်လျက်နှင့် လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး စသည်များကြောင့် အိမ်ထောင်မပြုဖြစ်ကြရသည့် အကြောင်း ၂၃ ချက်ကို ရှင်းပြထားသလို လူပျိုကြီး၊ အပျိုကြီးများနှင့် သက်ဆိုင်သည့် ဗေဒင်ဥပဒေသ အချက် ၂ဝ ကို နက္ခတ်ဗေဒင်ရှုထောင့်မှ ထုတ်နုတ်တင်ပြထားသည်။ စာရေးသူသည် ဤကျမ်းကို ပြုစုရန်အတွက် အပျိုကြီး ၁ဝဝ ဦးနှင့် လူပျိုကြီး ၁ဝဝ ဦးတို့ကို သုတေသနပြုခဲ့ပြီး ထိုသူများအနက်မှ အပျိုကြီး ၁ဝ ဦးနှင့် လူပျိုကြီး ၁ဝ ဦး၏ ဇာတာများကို ယခုစာအုပ်တွင် ထည့်သွင်းဖော်ပြထားသည်။ စိတ်ဝင်စားစရာမှာ ထိုသူများအနက် အပျိုကြီး ၃၄ ဦးနှင့် လူပျိုကြီး ၄၅ ဦးကသာ အပျိုကြီး လူပျိုကြီး ဖြစ်ရန် ကံဇာတာပါခဲ့ပြီး ကျန်သူများမှာ ပြုပြင်ပြောင်းလဲမှု အနည်းငယ်ရှိရုံနှင့် အိမ်ထောင်ကျနိုင်မည့်သူများဖြစ်သည်ဟု ဆိုသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|