|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: ရုရှားလူမျိုး Jakow Trachtenbergသည် ဂျာမန်နာဇီတို့၏ အကျဉ်းစခန်းတွင် နှိပ်စက်ညှင်းပန်းမှုများကို ခံရင်း ဘယ်နေ့သေရမလဲဟု တထိတ်ထိတ် ဖြစ်နေရချိန်၌ ထိုကိစ္စများကို မေ့ထားလိုက်ပြီး ကိန်းဂဏန်းများနှင့်သာ ကျက်စားမွေ့ပျော်လျက် ကုဋေအထိပင်ရှိသော ကိန်းဂဏန်းများကို အမှားအယွင်းမရှိဘဲ ပေါင်းနိုင်၊ မြှောက်နိုင်သော စနစ်ကို တီထွင်နိုင်ခဲ့သည်။ ထိုသို့ တီထွင်ခဲ့ရာတွင် စာရေးကိရိယာတစ်စုံတစ်ခုမှ မရှိဘဲ သူ၏စိတ်တစ်ခုတည်းဖြင့်သာ တွက်ချက် သုတေသနပြု၍ တီထွင်ခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးတွင် သူသည် နာဇီအကျဉ်းစခန်းမှ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပြီး စစ်ကြီးပြီးချိန်၌ သင်္ချာသင်တန်းများကို ဝါသနာအလျှောက် ဖွင့်လှစ်ကာ သင်္ချာဝါသနာရှင် ကလေးနှင့် လူကြီးများအား သင်တန်း ပို့ချပေးခဲ့သည်။ သူ၏ သင်တန်းသားများသည်လည်း သင်္ချာကို ကစားနည်းတစ်ခုကဲ့သို့ ထူးချွန်ခဲ့ကြသည်။ ဥပမာ ၄၅၂၇၃၆၅ဝ၂၇၈၅ ကိုတည်၍ ၅၁၃၂၄၃၇၂ဝ၁နှင့် မြှောက်ခိုင်းရာ စက္ကန့် ၇ဝ အတွင်း တွက်ပြသွားနိုင်ခဲ့သည်။ ယခုစာအုပ်တွင် စိတ်နှင့်တွက်ချက်နိုင်သော သင်္ချာ အလွယ်နည်းများကို အခန်း ၆ ခန်းခွဲ၍ အသေးစိတ်ရှင်းပြပေးထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|