|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- မြန်မာ့သမိုင်းဝင် ခံတပ်များနှင့် တတိယ အင်္ဂလိပ် - မြန်မာစစ်ပွဲ
-
-
Author(s):
မောင်ယဉ်လှိုင်း (ပျဉ်းမမြိုင်)
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 146
- Binding: Paperback
- Publication Month Year: 2009
- Size: 12 cm x 17 cm
|
- Description: အင်္ဂလိပ်တို့နှင့် ဖြစ်ပွားခဲ့သည့် စစ်ပွဲ ၃ ကြိမ်အနက် တတိယ အင်္ဂလိပ် - မြန်မာစစ်ပွဲအကြောင်းတစ်ခုတည်းကိုသာ သိလိုသူ၊ လေ့လာလိုသူများအတွက် ပြုစုရေးထားသော စာအုပ်ဖြစ်သည်။ စာအုပ်တွင် အခန်း ၂ ခန်းပါရှိသည်။ ပထမအခန်းတွင် နယ်ချဲ့တို့ရန်ကို ကာကွယ်ရန်အလို့ငှာ မင်းတုန်းမင်းလက်ထက်က နိုင်ငံခြားပညာရှင်များ၏ အကူအညီဖြင့် တည်ဆောက်ခဲ့သည့် အင်းဝဆင်ကျုံးခံတပ်၊ သပြေတန်းခံတပ်၊ စစ်ကိုင်းအစေခံ ခံတပ်၊ မင်းလှခံတပ်၊ ဂွေးချောင်းခံတပ် အပါအဝင် မြန်မာပြည်တလွှားမှ ခံတပ်များ၏ တည်နေရာ၊ အနေအထား၊ အတိုင်းအတာ၊ တည်ဆောက်ထားပုံများကိုလည်းကောင်း၊ ဒုတိယအခန်းတွင် တတိယ အင်္ဂလိပ် - မြန်မာစစ်ပွဲ စစ်ဖြစ်ရခြင်း အကြောင်းရင်းနှင့်တကွ နှစ်ဦးနှစ်ဖက် စစ်ပြင်ကြပုံ၊ စစ်ဆင်နွှဲပုံများကိုလည်းကောင်း အသေးစိတ် သုတေသနပြု တင်ပြထားသည်။ စာရေးသူသည် ဤစာအုပ်ဖြင့် ၂ဝဝ၇ ခုနှစ်၊ စာပေဗိမာန်စာမူဆု၊ သုတပဒေသာ (ဝိဇ္ဇာ)၊ တတိယဆုကို ဆွတ်ခူးနိုင်ခဲ့သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|