|
|
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
- ဗိုလ်ချုပ်အောင်ဆန်း၏ ရေနံချောင်းအမျိုးသားကျောင်းသားဘဝ ပထမအရွယ်
-
-
Author(s):
ရေနံ့သာဝင်းမောင်
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 3000
- Binding: Paperback
- Publication Month Year: Oct-2011
- Size: 13 cm x 20 cm
|
- Description: အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် အသက် ၁၃ နှစ်အရွယ်က ဇာတိမြေ နတ်မောက်မှ ရေနံချောင်း အမျိုးသား အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ပညာသင်ကြားခဲ့ရာ အဆိုပါ ကျောင်းမှပင် ဆယ်တန်းစာမေးပွဲအား ပါဠိ၊ မြန်မာစာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ ထိုမှတစ်ဆင့် ရန်ကုန်တက္ကသိုလ်သို့ရောက်ရှိကာ တိုင်းသိပြည်သိ အမျိုးသားခေါင်းဆောင်အဖြစ်သို့ ရောက်ရှိခဲ့သည်။ ထိုသို့ သူ၏ ဘဝတစ်ဆစ်တစ်ချိုးတွင် အရေးပါသည့်နေရာမှ ပါဝင်ခဲ့သည့် ရေနံချောင်း အမျိုးသားကျောင်းသားဘဝက ဖြစ်စဉ်များကို ဤစာအုပ်တွင် အသေးစိတ် မှတ်တမ်းတင်ထားသည်။ တောက်မည့်မီးခဲ တရဲရဲဆိုသလို ၁၃ နှစ်ကျောင်းသားအရွယ်ကပင် အများနှင့်မတူ တစ်မူထူးခြားနေသည့် ကျောင်းသား မောင်အောင်ဆန်းအကြောင်းနှင့်တကွ သူပညာသင်ကြားခဲ့စဉ်က ထူးထူးခြားခြား အမှတ်ရဖွယ်များ၊ ထိုခေတ်ထိုအခါ အမျိုးသားကျောင်းများ၏ ပညာရေးစနစ်၊ ဆရာတပည့် ဆက်ဆံရေး၊ သူပညာသင်ကြားခဲ့သည့် ရေနံချောင်း ရေနံမြေမှ လူထုလူတန်းစားများ၏ ဘဝ၊ အင်္ဂလိပ်တို့၏ သွေးစုပ် အမြတ်ထုတ်မှု၊ ရေနံလုပ်ငန်းကို လက်ဝါးကြီးအုပ်မှုများကိုပါ ဤစာအုပ်တွင် အသေးစိတ် ရေးသားဖော်ပြထားသည်။ စာရေးသူသည် ဤစာအုပ်ကို ရေးသားရန်အတွက် ရေနံချောင်း အမျိုးသားကျောင်းတွင် ဗိုလ်ချုပ်၏ ဆရာဖြစ်ခဲ့သူများ၊ ဗိုလ်ချုပ်၏ အတန်းဖော်များကို ကိုယ်တိုင်သွားရောက် တွေ့ဆုံမေးမြန်းခဲ့ပြီး အချက်အလက်များကို စုစည်းကာ ယခုကဲ့သို့ စာအုပ်အဖြစ် ရေးသားလိုက်ခြင်းဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|