|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ဘလူးအိုရှင်း မဟာဗျူဟာ (တိုက်ရိုက်ပြိုင်ဆိုင်ရန် မလိုသော ဈေးကွက် ဖန်တီးခြင်း)
-
-
Author(s):
ညီညီနိုင်
- Type: Myanmar Books
-
Category:
စီမံခန့်ခွဲမှု
- No of Pages: 288
- Binding: Paperback
- Publication Month Year: Sep-2019
- Size: 13 cm x 21 cm
|
- Description: W. Chan Kimနှင့် Renee Mauborgneတို့ ပူးတွဲရေးသားသည့် Blue Ocean Strategyကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ မူရင်းစာရေးသူ W. Chan Kimသည် အမေရိကန်နိုင်ငံ မီချီဂန်စီးပွားရေးတက္ကသိုလ်၏ ပါမောက္ခ၊ ကမ္ဘာ့စီးပွားရေး ဖိုရမ်၏ ပညာရှင်အဖွဲ့ဝင်ဖြစ်သလို Renee Mauborgneသည် အမေရိကန်သမ္မတ အိုဘားမား၏ အကြံပေးတစ်ဦးဖြစ်သည်။ စီးပွားရေးလုပ်ငန်းများကို ပြိုင်ဆိုင်မှု ပြင်းထန်စွာဖြင့် စွန့်စားလုပ်ကိုင်ကြရသော ယနေ့ခေတ်တွင် အများနှင့်မတူဘဲ တိုက်ရိုက်ပြိုင်ဆိုင်စရာမလိုသည့် ဈေးကွက်တစ်ခုကို ဖန်တီးတည်ဆောက်နိုင်ခြင်းဖြင့် ကောင်းမွန်သောအကျိုးအမြတ်ရရှိပြီး တည်ငြိမ်စွာ ရပ်တည်နိုင်ပုံကို အကျယ်တဝင့် ရေးသားရှင်းလင်းထားခြင်းဖြစ်သည်။ ကုမ္ပဏီများအနေဖြင့် ရှိပြီးသား ဝယ်လိုအားပေါ် ဝေစုအကြီးအကျယ်ရအောင် လုကြရာတွင် အမြတ်နည်းလာသလို ထုတ်ကုန်များမှာ အညံ့စားများ ဖြစ်ပေါ်လာကြကြောင်း၊ ထိုကဲ့သို့သော ဈေးကွက်ကို Red Oceanဟု ခေါ်ကြောင်း၊ Blue Oceanဆိုသည်မှာ ၎င်းနှင့် ဆန့်ကျင်ဘက်ဖြစ်ကြောင်း၊ ဈေးကွက်နယ်ပယ်တွင် ပြိုင်ဆိုင်တိုက်ခိုက်မှု မရှိသည့် အခြေအနေနှင့် ပြိုင်ဆိုင်တိုက်ခိုက်မှု မပါဘဲ အောင်မြင်စေသည့် နည်းဗျူဟာများသည် Blue Oceanဖြစ်ကြောင်း၊ ထိုBlue Oceanမဟာဗျူဟာများကို စနစ်တကျ တတ်မြောက်ပြီး ဈေးကွက်နယ်ပယ်လို့သိထားကြသည့် Red Oceanရေပြင်တွင် လက်တွေ့ကျကျ ဝင်ရောက်လှုပ်ရှားတတ်စေရန် ဤစာအုပ်ကို ရေးသားရခြင်းဖြစ်သည်ဟု မူရင်းစာရေးသူက ဆိုထားသည်။ တစ်ဆက်တည်းမှာပင် ဤစာအုပ်ပါအကြောင်းအရာများသည် ၁၅ နှစ်ကျော် သုတေသနပြုလုပ်ပြီး နှစ် ၁ဝဝ ကျော်က အချက်အလက်များအပေါ် အခြေတည်၍ ရေးသားထားခြင်းဖြစ်သည်ဟု ဆိုထားသည်။ ဤစာအုပ်သည် ကမ္ဘာတစ်လွှားတွင် စာအုပ်ပေါင်း သန်းနှင့်ချီ၍ ရောင်းချခဲ့ရပြီး နိုင်ငံတကာဆုများကိုပါ ရရှိခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံ၏ နှစ်ပေါင်း ၆ဝ အတွင်း အလွှမ်းမိုးနိုင်ဆုံး စာအုပ် ၄ဝ စာရင်းတွင် ထည့်သွင်းရွေးချယ်ခြင်း ခံခဲ့ရသည်။ စီးပွားရေးလုပ်ငန်းရှင်တိုင်း ဖတ်ရှုသင့်သော စာအုပ်တစ်အုပ်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|