|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- သင်္ချာသစ်
-
-
Author(s):
ဒေါက်တာခင်မောင်ဝင်း (သင်္ချာ)
- Type: Myanmar Books
-
Category:
ပညာရေး
- No of Pages: 88
- Binding: Paperback
- Publication Month Year: Sep-2022
- Size: 13 cm x 20 cm
|
- Description: အပေါင်း၊ အနုတ်၊ အမြှောက်၊ အစားနှင့် အလွတ်ကျက်မှတ်၍ သင်ကြားသည့် သင်္ချာအစား ဆင်ခြင်တွေးခေါ်ကြံဆခြင်းကို ဦးစားပေး၍ သင်ကြားသော သင်္ချာသည် ၁၉၅ဝ နောက်ပိုင်းတွင် အမေရိကန်နှင့် ဥရောပနိုင်ငံများတွင် ပေါ်ထွန်းလာခဲ့ရာ ၎င်းကို သင်္ချာသစ် (New Maths)ဟု အမည်ပေးခဲ့သည်။ သင်္ချာသစ်၏ ရည်ရွယ်ချက်မှာ သမားရိုးကျ သင်္ချာတွက်နည်းများကို အတွေးသစ် အမြင်သစ်ဖြင့် မြင်တတ်စေရန်နှင့် ကျက်မှတ်ခြင်းနှင့် တွေးခေါ်ဆင်ခြင်ခြင်းကို မျှမျှတတ သုံးတတ်စေရန်ဖြစ်သည်။ ထိုသင်္ချာသစ်အကြောင်းကို သင်္ချာပါမောက္ခဖြစ်သူ စာရေးသူသည် ကလေးသူငယ်များ သင်္ချာပညာလည်းရ၊ အပျင်းလည်း ပြေစေရန် အပတ်စဉ်ထုတ် “လှပ”စာစောင်တွင် ၁၉၈၅ ခုနှစ်မှ ၁၉၈၇ ခုနှစ်အထိ မိတ်ဆက်ရေးသားခဲ့သည်။ ယခုစာအုပ်မှာ ထိုဂျာနယ်ပါ စာရေးသူ၏ သင်္ချာသစ်ဆောင်းပါးများကို စုစည်းထုတ်ဝေထားခြင်းဖြစ်သည်။ ဆောင်းပါးများတွင် အစုသီအိုရီအကြောင်း၊ ရေတွက်နည်းများအကြောင်း၊ ဂျီသြနေတြီနည်းပညာနှင့် ဂဏန်းသင်္ချာ၊ သင်္ချာ ကစားနည်းများအကြောင်းတို့ကို ကလေးငယ်များ နားလည်နိုင်မည့် အသုံးအနှုံးများ ရှင်းလင်းချက်များဖြင့် ရေးသားရှင်းလင်းထားသည်။
|
|
|
|
|
|