|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- လူမည်းပညာရေးသုခမိန် ဒေါက်တာဘွတ်ကာ တီ ဝါရှင်တန်
-
-
Author(s):
မောင်ထွန်းသူ
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 276
- Binding: Paperback
- Publication Month Year: Sep-2011
- Size: 13 cm x 21 cm
|
- Description: Booker.T.Washington၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိဖြစ်သည့် Up from Slaveryစာအုပ်ကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ နီဂရိုး အမျိုးသားတစ်ယောက်ဖြစ်သူ ဒေါက်တာဘွတ်ကာ တီ ဝါရှင်တန်သည် ကျွန်မိဘများမှ မွေးဖွားလာသည့်အတွက် မွေးကတည်းက အလိုအလျောက် ကျွန်ဘဝသို့ ရောက်ခဲ့ရသူဖြစ်သည်။ ကျွန်ဘဝမှ လွတ်မြောက်ခွင့်အမိန့် ထွက်လာချိန်တွင် သူသည် ၉ နှစ်အရွယ်မျှသာရှိသေးသည်။ ငယ်ရွယ်စဉ်ကတည်းက ပညာကို အလွန်လိုလားခဲ့သည့် သူသည် အသက် ၁၆ နှစ်ရောက်သောအခါ ငွေတစ်ပြား တစ်ချပ်မျှမရှိဘဲနှင့် ဟင်ပတန်မြို့ရှိ ဟင်ပတန်အင်စတီကျူ ပညာသင်ကျောင်းသို့ သွားရောက်ကာ သန့်ရှင်းအလုပ်သမားအဖြစ် လုပ်ကိုင်၍ ပညာသင်ယူခဲ့သည်။ သိမ်ငယ်စိတ်မရှိ၊ အောက်ကျအားငယ်စိတ်မရှိ၊ ကြောက်လန့်စိတ်မရှိ၊ သူများကို ဒုက္ခပေးလိုစိတ်မရှိသည့် သူသည် သူ့ရည်မှန်းချက်ပြည့်ဝရေးအတွက် ရိုးသားဖြောင့်မတ်မှု၊ စေတနာ၊ မေတ္တာ၊ ကိုယ်ချင်းစာတရားနှင့် ကရုဏာတရားကို အမှီပြု၍ အရာရာကို ကြိုးစားသင်ယူ လုပ်ကိုင်ခဲ့ရာ နောက်ဆုံးတွင် လူမည်းလူြုဖူ အများစု၏ ချစ်ခင်လေးစားမှု၊ ကြည်ညိုကိုးစားမှုကိုရရှိခဲ့သည်။ သူသည် သူ့ဘဝတစ်လျှောက်၌ သူနှင့်ဘဝတူ နီဂရိုးများ ယဉ်ကျေးသိမ်မွေ့စွာ ပြုမူနေထိုင်ရေး၊ အလုပ်ကို အမြဲတစေ လှုံ့ဆော်တိုက်တွန်းခဲ့ပြီး အမြင်သစ် အသွင်သစ်ဖြင့် ပညာသင်ကြားမှုစနစ်ကိုလည်း တီထွင်ခဲ့သည်။ ဟားဗတ်တက္ကသိုလ်အပါအဝင် အမေရိကန်တလွှားရှိ တက္ကသိုလ်များက သူ့ကို ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်ခဲ့ကြပြီး သူ၏ လုပ်ဆောင်ချက်များကို အသိအမှတ် ပြုခဲ့ကြသည်။ သူသည် အလုပ်ကို အဆမတန်လုပ်ဆောင်ခြင်းကြောင့် အသက် ၅၉ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။ ထိုကဲ့သို့ ပညာရေးနှင့် ပတ်သက်၍ ဖြစ်စေ၊ လူမှုရေးနှင့် ပတ်သက်၍ ဖြစ်စေ အားကျအတုယူစရာများ ပြည့်နှက်နေသည့် သူ့ဘဝ သူ့ဇာတ်ကြောင်းကို ဤစာအုပ်တွင် အပြည့်အစုံ လေ့လာဖတ်ရှုကြရမည်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|