|
|
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: တိုင်းရင်းမြန်မာဆေးကျမ်းများလာ ဓာတ်ကြီး ငါးပါးတို့၏ ကိုယ်ပိုင်သဘောတရားများ၊ ပဋိပက္ခ သမဘာဂဖြစ်ပုံ၊ အဇ္ဈတ္တဥတုထက် ဗဟိဒ္ဓဥတုက တန်ခိုးကြီးပုံ၊ ဓာတ်ကြီးငါးပါး အနည်းအများကိုလိုက်၍ ခန္ဓာကိုယ်ပေါ်တွင် ဖြစ်ပေါ်လာသော ခံစားချက်များ၊ အပူနာ, အအေးနာ ဆုံးဖြတ်ချက်များ၊ ဆေးချက်, ဓာတ်ချက် ကောက်ယူပုံ၊ ဆေးနည်း, ရေလဲနှင့် ဓာတ်စာများ၊ ပရမတ် ၃ ပါးမှ သမုဋ္ဌာန် ၄ ပါး ကောက်ယူပုံ၊ သမုဋ္ဌာန် ၄ ပါးတွင် ဥတုသမုဋ္ဌာန် အဓိကကျပုံ၊ အနာ ၈ မျိုးတွင် အပူနာသည် အအေးနှင့် တွေ့လျှင် (သို့မဟုတ်) အအေးနာသည် အပူနှင့်တွေ့လျှင် ရောဂါတိုးပုံ၊ လူနာ၌ ဖြစ်ပေါ်နေသော ဓာတ်ငါးပါး အနည်းအများကိုကြည့်၍ ဆေးချက်၊ ဓာတ်ချက် ကောက်ယူပုံ၊ ဆေးနည်းနှင့်တကွ ဆေးတိုက်ပုံတို့ကို ဤစာအုပ်တွင် အသေးစိတ် လေ့လာဖတ်ရှုကြရမည်ဖြစ်သည်။ စာရေးသူသည် ဘေသဇ္ဇမဉ္စူသာ အဓိပ္ပာယ်ကျမ်း၊ မာဓဝနိဒါန်းအဓိပ္ပာယ်ကျမ်း၊ ပရမတ္ထကုထုံးကျမ်းနှင့် စာတမ်းများစွာကို ရေးသားခဲ့သော သမားတော်ကြီး ဦးသင်၏သား သမားတော်ကြီး ဦးသန်းလှိုင်၏ တပည့်ရင်းဖြစ်ပြီး ရန်ကုန်မြို့၌ ကလျာဆေးတိုက်ကို ဖွင့်လှစ်ကာ ဆေးကုသလျက်ရှိသူ တိုင်းရင်းဆေးသမားတော်တစ်ဦးဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|