|
Myanmar Books
Publishers
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: မန္တလေးတက္ကသိုလ်မှ ဘူမိဗေဒဘွဲ့ယူပြီး ယခုအခါ ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ရေးလုပ်နေသူ Myanmar San Taw Win Gems Co., LTDမှ ဦးသန်းနိုင်၊ နာဂစ်မုန်တိုင်း တိုက်ခတ်ခံရချိန်က ဧရာဝတီတိုင်းမှ မုန်တိုင်းဒုက္ခသည်များကို အားတက်သရော အကူအညီပေးခဲ့သူ ဦးထင်အောင်၊ ခြောက်တန်းအထိသာ ပညာသင်ယူခဲ့သော်လည်း သံသေတ္တာလုပ်ငန်းကနေ ကားလုပ်ငန်း၊ ငွေစုလုပ်ငန်းများအထိ တက်လှမ်းနိုင်ခဲ့သူ ဦးကျော်သိန်း၊ ပညာရေးဌာနမှာ နှစ်ပေါင်း ၄ဝ ခန့် အလုပ်လုပ်ခဲ့ပြီး မန္တလေးတိုင်း ပညာရေးမှူးရာထူးဖြင့် အငြိမ်းစားယူခဲ့သော်လည်း ပညာရေးနှင့် ပိုက်ဆံမရှာဘူးဟု ဆုံးဖြတ်ခဲ့သူ ဦးစိုးမြင့်၊ စာမတော်သည့်အပြင် အင်္ဂလိပ်စာနှင့် သချာၤညံ့ခဲ့ပြီး ဆယ်တန်းကို သုံးခါကျခဲ့သော်လည်း အရှုံးမပေးဘဲ ကြိုးစားခဲ့သောကြောင့် ဆေးပညာဆိုင်ရာ ရိုးရိုးဘွဲ့အပြင် မဟာသိပ္ပံဘွဲ့ကိုပါ ရယူနိုင်ခဲ့သူ ဒေါက်တာတင်မောင်ကြည်၊ ကွန်ပျူတာဘွဲ့ရရှိထားသော်လည်း ငယ်စဉ်ကတည်းက စိတ်ဝင်စားခဲ့သည့် မျက်လှည့်ပညာကို မစွန့်လွှတ်နိုင်ဘဲ ၎င်းပညာနှင့် အများပြည်သူကို ဖျော်ဖြေပေးနေသူ မက်ဂျစ်လင်းဏေ၊ ကိုယ်တိုင်အနာကြီးရောဂါ စွဲကပ်ခံနေရသော်လည်း သားသမီးများကို အသိပညာ တတ်စေချင်သည့် စေတနာကြီးခဲ့သူ ဦးဝကြီး၊ ငယ်စဉ်က ဆင်းရဲနွမ်းပါးခဲ့သော်လည်း ဆံသပညာကို သင်ယူပြီး ကြိုးစားအလုပ်လုပ်ကိုင်ခဲ့သည့်အတွက် ယခုအခါ မန္တလေးမြို့၌ ဆံသဆိုင်ကြီး ၂ ဆိုင်ကို ဖွင့်လှစ်နိုင်ခဲ့သူ ဦးသိန်းဝင်း၊ 1st Asean India ရယ်လီကားပြိုင်ပွဲတွင် အိန္ဒိယကနေ နိုင်ငံပေါင်း ၁၁ နိုင်ငံ ဖြတ်ကျော် ကားမောင်လာခဲ့သူ ကိုမင်းထင်၊ ခင်ပွန်းသည်ဆီမှ HIVရောဂါပိုး ကူးစက်ခံခဲ့ရသော်လည်း ရပ်ကွက်တွင်း၌ လူတောမတိုး ခေါင်းငုံ့မနေဘဲ ဘဝတူတွေကို ကူညီနေသူ LLBဘွဲ့ရ မဥမ္မာဝင်း အပါအဝင် မြန်မာပြည်အနှံ့မှ အလွှာမျိုးစုံ၊ ဘဝမျိုးစုံမှ လူသား ၄၃ ဦးအကြောင်းကို ဤစာအုပ်တွင် ဖတ်ရှုကြရမည်ဖြစ်သည်။ စာရေးသူသည် ဤစာအုပ်ပါ ဆောင်းပါးများကို မော်ဒန်သတင်းဂျာနယ်တွင် ရေးသားခဲ့ပြီးနောက် ယခုကဲ့သို့ စုစည်းထုတ်ဝေလိုက်ခြင်းဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|