|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: ၁၉၅၅ ခုနှစ်တွင် ရန်ကုန်ဆေးကောလိပ်မှ M.B.B.S ဆေးပညာဘွဲ့ရရှိခဲ့ပြီး ၁၉၆၃ ခုနှစ်တွင် စကော့တလန်၊ အီဒင်ဘာရာ၊ တော်ဝင်ဆေးတက္ကသိုလ်မှ F.R.C.S (Edin.) အောင်မြင်ခဲ့သူ စာရေးသူက သူမြန်မာပြည်အနှံ့ ခွဲစိတ်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်စဉ်က ရရှိခဲ့သော ဆေးကုသအတွေ့အကြုံများ၊ ဝါသနာအလျောက် အလုပ်ပိုအဖြစ် ဆေးမှုခင်းများကို ကိုင်တွယ်ခဲ့ရာမှ သိရှိခဲ့ရသော သည်းထိတ်ရင်ဖိုဖြစ်ဖွယ် ဆေးမှုခင်းဇာတ်လမ်းများကို စိတ်ဝင်စားဖွယ် ဇာတ်လမ်းများအဖြစ် တင်ပြထားခြင်းဖြစ်သည်။ ဆရာမကြီး ဒေါက်တာဒေါ်မြင့်မြင့်ခင်က အမှာစာရေးပေးထားရာ၌ “ ... ဆရာအောင်ခင်ဟာ လူ့လောက လူ့ဘဝမှာ နှံ့စပ်စွာ ကျင်လည် ကျက်စားပြီး ဘဝနာသူတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ အလုပ်တာဝန်ကို မနစ်မဆုတ် လုပ်လိုသောစိတ်၊ ခေါင်းဆောင်မှု ပေးလိုသောစိတ်နဲ့ ကျရာတာဝန်ကို အစွမ်းကုန်ကြိုးစားပြီး လုပ်ရမယ်ဆိုတဲ့ ခံယူချက်တွေကို တစ်သက်တာမှာ မွေးထားခဲ့ပြီး တကယ်လုပ်ဆောင်ခဲ့သူလို့ ဆိုရပါမယ်။ ဘဝဖြစ်စုံအပေါ်မှာလည်း ကိုယ်တိုင် အထူးစိတ်ဝင်စားသူတစ်ယောက်ဆိုတော့ သူ့ဘဝက ပေးလိုက်တဲ့ လေးနက်အရေးပါတဲ့ သင်ခန်းစာတွေ၊ ကြုံတောင့်ကြုံခဲရှိလှတဲ့ ဝတ္ထုဇာတ်လမ်းတွေကို ထိတွေ့ဖြတ်သန်းခဲ့ရတဲ့သူပါ။ ဒါတွေကိုလည်း သူမတူအောင် အသေးစိတ်ကျပြီး ပြီးပြည့်စုံတဲ့ မှတ်တမ်းတွေ တင်ပေးနိုင်ခဲ့ပါတယ်။ ...”ဟု ဆိုထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|