|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: မြန်မာသမိုင်း၌ ဘုရင့်နောင်မင်းတရားကြီး၏ ဟံသာဝတီခေတ်သည် ထူးခြားသလောက် ထင်ပေါ်မှုလည်း ရှိခဲ့သည်။ ဒုတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သည့် ခေတ်အဖြစ် မြန်မာနိုင်ငံ၏ သမိုင်း၌ အရေးလည်း ပါခဲ့သည်။ ယခုစာအုပ်သည် ဘုရင့်နောင် မင်းတရားကြီး ဟံသာဝတီထီးနန်းကို စိုးစံခဲ့သည့် AD 1551 - 1581မှ သားတော်နန္ဒဘုရင် AD 1581 - 1599 လက်ထက် ဟံသာဝတီ ထီးနန်းပျက်သုဉ်းသွားသည့် ကာလအတွင်း ဖြစ်ထွန်းခဲ့သော ယဉ်ကျေးမှုရေးရာ အဖြာဖြာကို ကဏ္ဍများခွဲ၍ သုတေသနပြု တင်ပြထားသော စာအုပ်ဖြစ်သည်။ ဘုရင့်နောင်၏ ဟံသာဝတီမြို့တော်သစ်အကြောင်း၊ ဟံသာဝတီ ကမ္ဘောဇသာဒီနန်းတော်အကြောင်း၊ ဟံသာဝတီခေတ် မင်းခမ်းမင်းနားအကြောင်း၊ ဘုရင့်နောင်၏ ဟံသာဝတီခေတ် စီးပွားရေး၊ သာသနာ၊ ဘုရားစေတီများနှင့် လက်ရာများအကြောင်း၊ ဆင်ကျုံးနှင့် ဆင်ဖြူတော်ယဉ်ကျေးမှုအကြောင်း၊ ဟံသာဝတီခေတ်စာပေ၊ ဟံသာဝတီခေတ် စဉ့်ထည်ပစ္စည်းများအကြောင်း၊ လက်ထပ်မင်္ဂလာဓလေ့၊ အစီးအနင်းဆိုင်ရာ ယာဉ်များ၊ နန်းမှုနန်းရာ အဝတ်တန်ဆာများ၊ ပန်းချီပန်းပု အနုပညာအကြောင်းကို အခန်း ၁၄ ခန်းခွဲကာ သရုပ်ဖော်ပုံများနှင့်တကွ ပြုစုတင်ပြထားသည်။ စာရေးသူသည် ဤစာအုပ်ဖြင့် ၂ဝဝ၄ ခုနှစ်၊ ပခုက္ကူဦးအုံးဖေစာပေဆု သုတေသနစာပေ တတိယဆုကို ဆွတ်ခူးနိုင်ခဲ့သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|