|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: ဒုတိယ ဟံသာဝတီခေတ် ပဲခူးဟံသာဝတီကို အုပ်ချုပ်သူများထဲတွင် တစ်ဦးအဖြစ် ထည့်သွင်းရေတွက်ခြင်း ခံရသည့် ပေါ်တူဂီလူမျိုး ဖိလစ်ဒီဘရစ်တို၏ ဘဝဖြစ်စဉ် အတ္ထုပ္ပတ္တိစာအုပ်ဖြစ်သည်။ စေတီပုထိုးများကို ဖြိုဖျက်ကာ ဖောက်ထွင်းလုယူခဲ့သဖြင့် ဆိုးသွမ်းသူ မိစ္ဆာမျိုးခြား ငဇင်ကာသည် တစ်ချိန်က ရခိုင်ဘုရင် မင်းရာဇာ၏ မာလိန်မှူးဖြစ်ခဲ့သည်။ မင်းရာဇာသည် သူ့ကို သန်လျင်မြို့စားအဆင့်အထိ မြှောက်စားခဲ့သော်လည်း သူသည် သခင်အပေါ် ကျေးဇူးကန်းခဲ့သည်။ ရတုစာဆို နတ်သျှင်နောင်မှာလည်း သူ၏ သိမ်းသွင်းမှုကြောင့် မြန်မာ့သမိုင်းတွင် သစ္စာဖောက်တစ်ဦးအဖြစ် မြန်မာ့သမိုင်းတွင် စွပ်စွဲခြင်း ခံခဲ့ရကာ ဘဝဇာတ်သိမ်း မလှခဲ့ပေ။ ရွှေတိဂုံကုန်းတော်ထက်မှ ဓမ္မစေတီခေါင်းလောင်းမှာလည်း သူ၏ လက်နက်ကျိုချက်ရေး အကြံအစည်ကြောင့် ဒေါပုံမြစ်အတွင်း ကျရောက်နစ်မြုပ်ခဲ့ရသည်။ ထိုသို့ မြန်မာ့သမိုင်းစာမျက်နှာပေါ်တွင် အမဲစက် စွန်းထင်စေခဲ့သည့် ငဇင်ကာ၏ လုပ်ရပ်များနှင့်တကွ သူ၏ ဘဝဖြစ်စဉ်များကို ဤစာအုပ်တွင် သင်ခန်းစာယူဖွယ် ဖတ်ရှုကြရမည်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|