|
|
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
- မြန်မာမင်း အုပ်ချုပ်ပုံစာတမ်းနှင့် ဘိုးတော်ဘုရားကြီး၏ ရာဇသတ်ခေါ်သော အမိန့်တော်တမ်းကြီး (၅ တွဲပေါင်းချုပ်)
-
-
Author(s):
ဝန်ထောက်ဦးတင်
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 707
- Binding: Paperback
- Publication Month Year: Jul-2012
- Size: 20 cm x 28 cm
|
- Description: မြန်မာမင်းများသည် ရှေးယခင်ကပင် စည်းစနစ်ကျကျ အုပ်ချုပ်ရေးတွင် ဆောင်ရွက်နိုင်ခဲ့ကြကြောင်း သက်သေပြမည့် စာအုပ်ဖြစ်သည်။ ၇၂၉ ခုနှစ်တွင် နန်းတက်သော အဝမင်းကြီးစွာစော်ကဲမှစ၍ သီပေါမင်းမြတ်လက်ထက် နန်းပျက်သည့်တိုင် အရပ်ရပ် အမိန့်တော်နေ့စဉ်မှတ်များ၊ မြို့ရွာစစ်တမ်း၊ အမှုထမ်းစစ်တမ်း၊ လွှတ်တော်သွင်းမှာတမ်း၊ အတွင်းတော်ထုတ်မှာတမ်း၊ မင်းနှင့်စပ်သော သုမင်္ဂလ၊ ဒုမင်္ဂလစာတမ်း၊ လွှတ်ရုံးငါးရပ်စာတမ်းများကို ကိုးကားအခြေခံ၍ ရေးသားထားခြင်းဖြစ်သည်။ ပထမပိုင်းတွင် မင်းနှင့်တကွ မင်းညီမင်းသား မင်း၏ မိဖုရား၊ မှူးမတ်အရာထမ်း အမှုထမ်း၊ ပြည်သူပြည်သားတို့ နာယူဆောင်ရွက်အပ်သော ကျင့်ဝတ်တရားများအကြောင်း၊ မြို့ရွာ အုပ်ချုပ်ပုံနှင့် စပ်သမျှ အရပ်ရပ် သက်ဆိုင်ရာ မဟာဝင်၊ ရာဇဝင် မျက်မြင်လက်တွေ့ ဓလေ့ထုံးစံများအကြောင်း၊ သာသနာအယူဝါဒနှင့် သက်ဆိုင်သော အချက်အလက်များအကြောင်း၊ ရာဇဌာနီရှိ လွှတ်ရုံးငါးရပ်တို့၏ ဓလေ့ထုံးစံများအကြောင်းတို့ကိုလည်းကောင်း၊ ဒုတိယပိုင်းတွင် မဟာသမ္မတမင်း တင်မြှောက်ကြပုံ၊ လူမျိုး ၁ဝ၁ ပါး၊ သာကီဝင်မင်းတို့ အုပ်စိုးပုံနှင့် သာကီဝင်မင်းမျိုး၊ မဟာသမ္မတမင်းမှ သိဒ္ဒတ္ထမင်းတိုင် မဇ္ဈိမဒေသတွင် အုပ်စိုးသော မင်းများ၊ အဇာတသတ်မင်းမှ သီရိဓမ္မာသောကမင်းတိုင် မဇ္ဈိမဒေသတွင် အုပ်စိုးသော မင်းများအကြောင်း၊ တကောင်း, သရေခေတ္တရာ, ပုဂံ, စစ်ကိုင်း, ပင်းယ, အင်းဝ, တောင်ငူ, ကုန်းဘောင်မင်းဆက်များနှင့် နယ်မြေပိုင်းခြားသတ်မှတ်ပုံ၊ မြန်မာနိုင်ငံနှင့် သက်ဆိုင်သော မိုးလေဝသ ရာသီဥတု အခြေအနေ၊ လူဦးရေ တိုးပုံ ဆုတ်ပုံ၊ မြို့ရွာ အုပ်ချုပ်ပုံ၊ မင်းလျာရွေးပုံ၊ မြန်မာနိုင်ငံတွင် တိုင်းကျိုးပြည်ကျိုး ဆောင်ရွက်ခဲ့သော မင်းများအကြောင်းတို့ကို လည်းကောင်း၊ တတိယပိုင်းတွင် မြန်မာနိုင်ငံတွင် ဗုဒ္ဓသာသနာအတွက် ဆောင်ရွက်ကြပုံ အမျိုးမျိုး အစားစား ခြားနားပုံ၊ ဟိန္ဒူတို့က ဗြဟ္မဏကို မြန်မာတို့က သမဏကို အရိုအသေ အပြုအမူ တူညီကြပုံ၊ ဗုဒ္ဓသာသနာကို နာကြည်းအောင် နှောင့်ယှက်ဖျက်စီးသော မင်းများအကြောင်းတို့ကိုလည်းကောင်း၊ စတုတ္ထပိုင်းတွင် လွှတ်တော်၊ ဗြဲတိုက်ဌာန၊ နောက်ရုံး၊ တရားရုံး၊ ဝင်းရုံး၊ ရာဇဌာနီ၊ မှူးစု၊ ဝန်စု၊ မိဖုရား၊ အဝေးအရာရှိတို့အကြောင်းနှင့် အဆင်တန်ဆာ အဆင့်အတန်းများအကြောင်းကို လည်းကောင်း၊ ပဉ္စမခန်းတွင် ၁ဝ ဌာန ခွဲဝေပုံ၊ ဥပဒေဌာန၊ သာသနာပညာဌာန၊ စစ်ဖက်ဌာန၊ တရား ရာဇဝတ်ဌာန၊ အကောက်အခွန်ဌာန၊ လယ်ယာဌာန၊ စာပေးစာယူဌာန၊ ပုရိသမေဓဌာန၊ ရာထူးခန့်ဌာနတို့အကြောင်းကိုလည်းကောင်း၊ ဆဋ္ဌမပိုင်းတွင် သာသနာပညာဌာန၌ မြန်မာဘက်တွင် ပြုပြင်ရန်ကျန်သော အကြောင်းများ၊ တရားဌာန နှိုင်းယှဉ်ချက်၊ အကောက်အခွန်၊ လယ်ယာဌာန၊ အလုပ်ဌာန၊ နိုင်ငံတွင်း ဌာန၊ စာပို့မီးရထားဌာနများ နှိုင်းယှဉ်ချက်များကိုလည်းကောင်း ပြည့်ပြည့်စုံစုံ မှတ်တမ်းတင်ဖော်ပြထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|