|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: ခွဲစိတ်ကျွမ်းကျင်မှု ပါရဂူ (F.R.C.S)ဘွဲ့အတွက် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တွင် ပညာသင်ကြားနေစဉ် စာမေးပွဲဖြေရန်အသွား လမ်းခရီး၌ ကားမှောက်သဖြင့် ဦးခေါင်းမှလွဲ ကျန်ခန္ဓာကိုယ်အောက်ပိုင်း သေဆုံးခြင်းအဖြစ်ဆိုးကြီးကို ကြုံတွေ့ခဲ့ရသူ စာရေးသူ ဒေါက်တာအုန်းမောင် (မိုးကုတ်)၏ မိဘမေတ္တာဘွဲ့ မှတ်တမ်းစာအုပ်ဖြစ်သည်။ ကိုယ်တိုင်က ဒုက္ခိတအဖြစ် မိသားစုနှင့်အတူ မိုးကုတ်မြို့၌ နေထိုင်စဉ် လိမ္မာရေးခြားရှိသူ၊ ကျန်းမာသန်စွမ်းသူ၊ စာတော်သူ၊ ဉာဏ်ကောင်းသူ၊ အပေါင်းအသင်းဆန့်သူ၊ အညွန့်တလူလူ တက်နေသော ဆယ်တန်းစာမေးပွဲဖြေဆိုမည့် သားကြီးဖြစ်သူသည် ရုတ်တရက် စာညံ့လာ၊ ဉာဏ်ထိုင်းလာ၊ အပေါင်းအသင်း ပျက်လာ၊ ကြမ်းတမ်းရိုင်းစိုင်းလာခဲ့သည်ဟု ဆိုသည်။ ထိုအခါ နားလည်တတ်ကျွမ်းသူများနှင့် ပြသ၍ ရောဂါရှာဖွေရာ ဦးနှောက်ရေအိတ်တည်ခြင်းဟု မှတ်ချက်ချပြီး အင်္ဂလန်သို့သွားကာ ခွဲစိတ်ထုတ်ရန် ဆုံးဖြတ်ချက် ချခဲ့ကြသည်။ ဒုက္ခိတဖခင်နှင့် ရောဂါသည် သားငယ်တို့သည် အင်္ဂလန်သို့ သွားရောက်ကာ သားငယ်၏ ရောဂါကို ကုသခဲ့ကြသည်။ သားငယ်၏ ခွဲစိတ်မှုသည် အောင်မြင်ခဲ့သော်လည်း ခွဲစိတ်ပြီးနောက် Complicationကြောင့် ကယောင်ချောက်ချားဖြစ်ကာ ဦးနှောက်ဖောက်ပြားသွားခဲ့သည်။ ဒေါက်တာအုန်းမောင်၏ အနိုင်မခံ၊ အရှုံးမပေးသော ဇွဲသတ္တိနှင့်တကွ တုနိုင်းမရသော ဖခင်မေတ္တာကို ယခုစာအုပ်တွင် အတုယူ အားကျဖွယ် ဖတ်ရှုကြရမည်ဖြစ်သည်။ စာရေးဆရာမ မလေးလုံက အမှာစာရေးပေးထားရာ၌ “ကျွန်တော့်သားကြီးကို ဆက်ဖတ်သည့်အခါ အကြောင်းအရာကောင်း၊ တင်ပြချက်ကောင်းသော စာအုပ်၏ အရသာကို အပြည့်အဝ ခံစားရမည်ဟု ကျွန်မယုံကြည်ပါသည်။ စိတ်ချလက်ချ ဆက်၍ ဖတ်ပါလေ”ဟု ဆိုထားသည်။ စာရေးသူသည် ဤစာအုပ်ဖြင့် ၁၉၇၉ ခုနှစ်အတွက် အမျိုးသားစာပေဆု (စာပဒေသာ) ကို ရရှိခဲ့သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|