|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: Dannel Ammann ရေးသားသည့် The King of Oil စာအုပ်ကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ ဂျူး - အမေရိကန်လူမျိုး မာ့ခ်ရစ်ချ် (Marc Rich) အကြောင်းကို စိတ်ဝင်စားဖွယ် ရေးသားတင်ပြထားသော စာအုပ်ဖြစ်သည်။ သူသည် ဒုတိယကမ္ဘာစစ် မဖြစ်မီ အချိန်ပိုင်းက ဖက်ဆစ်ဂျာမန်တို့ လက်အောက်မှ လွတ်အောင်ပြေးရင်း အမေရိကသို့ ရောက်ရှိလာခဲ့သူဖြစ်သည်။ သူ၏ ကြိုးစားမှု၊ ဇွဲကောင်းမှု၊ အကင်းပါးမှုကြောင့် ရေနံစိမ်းကုန်သည်ဘဝဖြင့် အချိန်ပိုင်းအတွင်း ဘီလံျနာကြီး ဖြစ်လာခဲ့သည်။ သို့သော် သူသည် ဝင်ငွေခွန် ရှောင်တိမ်းရန် ကြံစည်မှုဖြင့် တရားစွဲခြင်း ခံခဲ့ရသည်။ သူသည် အဖမ်းမခံဘဲ ဆွစ်ဇာလန်သို့ ထွက်ပြေးခဲ့ပြီး ၎င်းနိုင်ငံတွင် အခြေချ၍ စီးပွားရေး ဆက်လုပ်ခဲ့ရာ အအောင်မြင်ဆုံး လူသုံးကုန်ပစ္စည်း ကုန်သည်ဘဝနှင့် ဘီလျံနာအဖြစ် ချမ်းသာလာခဲ့သည်။ အမေရိကန် ရဲဘက်က ဆွစ်ဇာလန်ရောက် သူကို ဖမ်းဆီးရန်နှင့် မတတ်သာလျှင် ပြန်ပေးဆွဲဖို့ပင် ခွင့်ပြုချက် ပေးခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ယခုစာအုပ်တွင် သူ၏ ဘဝဖြစ်စဉ်နှင့်အတူ ရေနံစိမ်းကုန်သည်ဘဝ အတွေ့အကြုံများ၊ ကမ္ဘာရေနံစိမ်းလောက အရှုပ်တော်ပုံ၊ အမေရိကန်နိုင်ငံရေးလောကအကြောင်း၊ တရားရုံးရောက် သူ၏ အမှုတွဲအကြောင်း၊ ဆွစ်ဇာလန်သို့ တိမ်းရှောင်ပြီးနောက် သူရင်ဆိုင်ခဲ့ရသည့် ပြဿနာများ၊ သူ့ကို ဘယ်သူသေသေ ငတေမာရင်ပြီးရော၊ လူကျင့်ဝတ်ကင်းသည့် ကုန်သည်ဟု ဝိုင်းဝန်းအပြစ်တင် ရှုတ်ချခြင်း ခံခဲ့ရပုံနှင့် သူ၏ မိသားစုအတွင်းရေးများအကြောင်းကို အသေးစိတ် ဖွင့်ချရေးသားထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|