|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- စကပ်တိုနှင့် အပျိုမ (ဆယ်ကျော်သက်တို့ ရင်ခုန်သံကိစ္စများ)
-
-
Author(s):
ညီညီနိုင်
- Type: Myanmar Books
-
Category:
မိသားစုရေးရာ
- No of Pages: 189
- Binding: Paperback
- Publication Month Year: Oct-2012
- Size: 13 cm x 19 cm
|
- Description: ရုရှားစာရေးဆရာ Leonid Zhukhovitsky ရေးသားသည့် စာအုပ်ကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ သူသည် လူငယ်ဂျာနယ်နှင့် လူငယ်သတင်းစာများ၌ ပေးစာ၊ ပြန်စာကဏ္ဍနှင့် ကြက်သွေးရောင် လှေရွက်ကလေးများဆိုသည့် ဆယ်ကျော်သက် ဆွေးနွေးခန်းများကို ဖွင့်လှစ်ခဲ့သူဖြစ်သည်။ အကြောင်းအရာများမှာ စိတ်ဝင်စားစရာ ကောင်းလှသည့် လူငယ်တွေ၏ ရင်ခုန်သံနှင့် နှလုံးသားရေးရာ ကိစ္စများဖြစ်ကြသည်။ မေးသူများက သူတို့၏ ဘဝအတွေ့အကြုံနှင့် ရင်းထားသည့် မေးခွန်းများကို မေးထားကြသလို ဖြေသူကလည်း ပေါ့ပေါ့ပျက်ပျက် မဟုတ်ဘဲ အလေးအနက်ထားပြီး အဖြေရှာဆွေးနွေးပေးထားသည်ကို တွေ့ရသည်။ ထိုအမေးအဖြေများကို စုစည်း၍ စာအုပ်အဖြစ် ထုတ်ဝေထားခြင်းဖြစ်သည်။ ဘာသာပြန်ဆိုသူက “ ... တကယ်တော့ ဒီစာအုပ်လေးဟာ အသည်းနှလုံးရှိတဲ့သူတိုင်းအတွက် ချစ်တတ်ကြသူတိုင်းအတွက် အထူးသဖြင့် ဆယ်ကျော်သက် မောင်မယ်များအတွက် အသိအမြင် ကြည်လင်ပြီး၊ သင်ခန်းစာယူစရာ ပညာလေးတွေလည်း ပါ,ပါတယ်။ ... ”ဟု ညွှန်းဆိုထားသည်။ ဤစာအုပ်ကို ယခင်က “ရင်ခုန်သံကိစ္စများ”အမည်ဖြင့် ထုတ်ဝေခဲ့ဖူးပြီး စာအုပ်နာမည်ပြောင်းကာ ထပ်မံထုတ်ဝေလိုက်ခြင်း ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|