|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: ကြောင်ပန်း, ကြောင်ပန်းဟု လျှမ်းလျှမ်းမောက်ထွန်းတောက်ခဲ့သော ပထမကြောင်ပန်းတောရ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဣန္ဒက တည်ထောင်တော်မူခဲ့သော ကြောင်ပန်းတောရတိုက်၏ နှစ်၁ဝဝ ပြည့်အထိမ်းအမှတ်အဖြစ် ထုတ်ဝေလိုက်သော စာအုပ်ဖြစ်သည်။ လယ်တီဆရာတော်၏ တပည့်သာဝကများအနက် ထင်ရှားထက်မြက် ထိုးထွင်းသိမြင်တတ်သော သာဝကကြီးတစ်ပါးအဖြစ် ထင်ရှားခဲ့သည့် ပထမကြောင်ပန်းတောရ ဆရာတော်ဘုရားကြီးအကြောင်း၊ လယ်တီဆရာတော်နှင့် ကြောင်ပန်းဆရာတော်တို့ခေတ်ကာလ သာသနာတော် ထွန်းကားပြန့်ပွားမှု အခြေအနေ၊ မင်းတုန်းမင်းကြီးနှင့် သီပေါမင်းတို့ ခေတ်ကာလများက မြန်မာမင်းသို့ သာသနာ ချီးမြှင့်ခဲ့ပုံ၊ ကြောင်ပန်းဆရာတော် လောင်းလျာ မောင်သံတူတို့ခေတ် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းတွင် လောကီမင်္ဂလာ ၁၂ ခန်း ထွန်းကားစည်ပင်ခဲ့ပုံ၊ မောင်သံတူ၏ ငယ်စဉ်ဘဝ၊ ရဟန်းဘဝ၊ ပညာသင်ဘဝ၊ စာသင်သားဘဝ၊ စာချဆရာတော်ဘဝ၊ ဝက်ရဲဗတာ, ဂျင်းမယ်တော်များတွင် တရားရှာဖွေခဲ့ပုံနှင့် တွေ့ရှိခဲ့သော တရားဓမ္မများကို မိမိသိသလို အများသိရှိအောင် ဟောပြောပို့ချခဲ့ပုံများကို ဤစာအုပ်တွင် ပြည့်ပြည့်စုံစုံ မှတ်တမ်းတင် ရေးသားထားသည်။ ထို့အတူ ကြောင်ပန်းဆိုတာ ဘာလဲ၊ ကြောင်ပန်း၏ အနှစ်သာရက ဘာလဲဆိုသည်ကိုပါ သိရှိလေ့လာနိုင်အောင် ရှင်းလင်းရေးသားထားသည်ကို တွေ့ရသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|