|
Myanmar Books
Publishers
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- ခရီးသွားဆောင်းပါးများ
-
-
Author(s):
မောင်မဲ
- Type: Myanmar Books
-
Category:
ခရီးသွား / ပထဝီဝင်
- No of Pages: 269
- Binding: Paperback
- Publication Month Year: Dec-2012
- Size: 13 cm x 21 cm
|
- Description: ၁၉၅ဝ ခုနှစ်တစ်ဝိုက်က လူထုဂျာနယ်နှင့် လူထုသတင်းစာများတွင် ရေးသားခဲ့သော စာရေးသူ၏ ခရီးသွားဆောင်းပါးများကို စုစည်း၍ စာအုပ်အဖြစ် ထုတ်ဝေထားခြင်းဖြစ်သည်။ ဘဝတစ်လျှောက် သတင်းသမားအနေဖြင့်သာ အသက်ရှင် ရုန်းကန်ခဲ့သော စာရေးသူသည် မည်သူ့အကူအညီမျှမပါဘဲ လွယ်အိတ်တစ်လုံးလွယ်ကာ ဆင်းရဲပင်ပန်းစွာဖြင့် ခရီးသွားလာခဲ့သည်ဟု ဆိုသည်။ သွားရင်း, လာရင်း လူတို့၏ ဖြစ်, ပျက်မှု၊ လှုပ်ရှားမှု၊ အမြင်မတော်မူ၊ ချွတ်ယွင်းမှုများကို စနည်းနာကာ လူတို့၏ ရုပ်ဝတ္ထုများသာမက စိတ်ခံစားမှုများကိုပါ စာနာ၍လည်းကောင်း၊ ဦးနှောက်ဖြင့် သတင်းကို မရေးဘဲ နှလုံးသားဖြင့်ပါ ကြည့်လည်းကောင်း၊ ဦးနှောက်တစ်ခုနှင့်သာ မမြင်၊ နှလုံးသားနှင့်ပါ ကြည့်ရှုလည်းကောင်း ဤစာအုပ်ပါ ခရီးသွားဆောင်းပါးများကို ရေးသားခဲ့ခြင်းဖြစ်သည်။ ၁၉၅၄ ခုနှစ်နှင့် ၁၉၅၉ ခုနှစ်အတွင်း တိုင်းပြည်စီးပွားရေး၊ နိုင်ငံရေးကို ဒုက္ခပေးနေသည့် မှောင်ခိုလုပ်ငန်းအကြောင်း၊ ကချင်ပြည်နယ် လီဒိုလမ်းမတစ်လျှောက်ရှိ ချင်း, နာဂ, ကချင် တိုင်းရင်းသားများအကြောင်း၊ ရန်ကုန်, မော်လမြိုင်မြို့ကြီးများ၏ ဆင်ခြေဖုံးရပ်ကွက်မြင်ကွင်း၊ မွန်, ကရင်ပြည်နယ် ခရီးသွားမြင်ကွင်းများကို ဆောင်းပါးများတွင် စိတ်ဝင်စားဖွယ် ဖတ်ရှုကြရမည်ဖြစ်သည်။ ကွယ်လွန်သူ စာရေးဆရာကြီး လူထုစိန်ဝင်းက သူ့အား “မြန်မာပြည်တွင် လွတ်လပ်သော သတင်းထောက်”ဟူသော ဂုဏ်ပုဒ်ဖြင့် လည်းကောင်း၊ မန္တလေးမှ စာရေးဆရာ မြမျိုးလွင်က သူ၏ စာပေအရေးအသားကို ကြိုက်နှစ်သက်လှသဖြင့် သီးခြားဆုငွေချီးမြှင့်၍လည်းကောင်း အသိအမှတ်ပြုခဲ့ကြသည်။ ထုတ်ဝေသူကလည်း “ ... ဆရာမောင်မဲသည် လောကကို ပြုံးပြုံးလေးမမြင်၊ မဲ့တဲ့တဲ့ မြင်၏။ လောကဓံကို မဲ့တဲ့တဲ့ မခံ၊ ပြုံးပြုံးလေးခံ၏။ လောက၏ ပြနေသော ဘက်ကို မကြည့်။ တစ်ဖက်ကို ကျော်ကြည့်တတ်၏။ အားကြီးသူကို သဘောမတွေ့။ အားနည်းသူကို ကူညီတတ်၏။ ဆရာ၏ ဆောင်းပါးများတွင် အတွေးများ တွေးစရာ ပေးနိုင်၏။ အဆွေးများ လွမ်းပင်လယ် ဝေနိုင်၏။ ဒေါသများ လှိုင်းထနိုင်၏။ ... ”ဟု ညွှန်းဆိုထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|