|
|
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: စစ်ပွဲတကာ အောင်မှူးသခင်၊ စစ်ပါရမီရှင်၊ စစ်ပါရဂူ စသဖြင့် စစ်သမိုင်းသုတေသီတို့၏ တင်စားသတ်မှတ်ခြင်းခံထားရသော ကာသေစစ်ဗိုလ်ချုပ်ကြီး ဟန္နီဗောအကြောင်း တင်ပြထားသော စာအုပ်ဖြစ်သည်။ ကမ္ဘာ့စစ်သမိုင်းတလျှောက် ကြီးကျယ်ထင်ရှားသော စစ်ပွဲကြီးတစ်ပွဲဖြစ်သည့် ကန္နီစစ်ပွဲတွင် မိမိထက်အင်အားနှစ်ဆမျှသာလွန်သော ရန်သူကို ၎င်းတို့၏မြေပေါ်တွင် ဗျူဟာကျကျ အောင်မြင်ခဲ့သူ၊ စစ်ပွဲအတွင်း ရန်သူအင်အား ခုနှစ်သောင်းကျော်ကျဆုံးစေပြီး မိမိဘက်မှ ခြောက်ထောင်ကျော်သာကျဆုံးစေကာ စစ်ပွဲကိုအောင်မြင်စွာ ဦးဆောင်နိုင်ခဲ့သူ၊ ထိုအချိန်က ကမ္ဘာပေါ်တွင် စစ်စည်းကမ်းအကြီးဆုံးနှင့် အင်အားအတောင့်တင်းဆုံးဖြစ်သော ရောမလီဂျင်တပ်ကြီးကို ရောမမြေပေါ်တွင် ဆယ့်ခြောက်နှစ်တိုင်တိုင် ရှုံးပွဲမရှိ အောင်ပွဲဆင်နိုင်ခဲ့သူ ဟန္နီဗောအကြောင်းကို နှစ်ပေါင်းနှစ်ထောင်ကျော်ခဲ့ပြီဖြစ်သော်လည်း ယနေ့ခေတ် ခေတ်သစ်စစ်ပွဲများတွင် အသုံးပြုနေရဆဲ သူ၏ နည်းဗျူဟာများအကြောင်း၊ ကမ္ဘာ့စစ်တက္ကသိုလ်အသီးသီးတွင် လေ့လာနေရဆဲဖြစ်သော သူ၏ မဟာဗျူဟာ၊ နည်းဗျူဟာများအကြောင်းနှင့်အတူ ပြည့်စုံစွာ တင်ပြထားသည်။ စစ်သူကြီး ဟန္နီဗော၏ ကမ္ဘာကျော် သေနင်္ဂဗျူဟာများကို ပဓာနထား၍ ကမ္ဘာ့သမိုင်းကိုပါ ပူးတွဲလေ့လာနိုင်မည်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|