|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
- အရီးပြောမယ် ၂၀၀၈ ခု ဖွဲ့စည်းအုပ်ချုပ်ပုံ အကြောင်းကွယ်
-
-
Author(s):
မမဦး
- Type: Myanmar Books
-
Category:
ဥပဒေ
,
နိုင်ငံရေး
- No of Pages: 141
- Binding: Paperback
- Publication Month Year: 2013
- Size: 13 cm x 20 cm
|
- Description: ပြင်မည် သို့မဟုတ် ဖျက်၍ အသစ်ပြန်လည်ရေးဆွဲမည်ဟု ဝေဖန်ချက် အသံကျယ်လောင်စွာကြားနေရသည့် ၂ဝဝ၈ ခုနှစ် မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအကြောင်းကို အပိုင်း ၃၄ ပိုင်းခွဲကာ ပေါ့ပေါ့ပါးပါး ဝေဖန်သုံးသပ်ရေးသားထားသော စာအုပ်ဖြစ်သည်။ ၂ဝဝ၈ ခုနှစ် မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် စစ်အာဏာမူဝါဒတွေကို ကတုတ်ခံတပ် ပန္နက်ရိုက်ထားခြင်း ဖြစ်သဖြင့် ဒီမိုကရေစီ စံနှုန်းများနှင့် မကိုက်မညီသလို ပြည်သူတွေကို စစ်အာဏာအုပ်စီးသည့် ယန္တရားဟု ဟံသာဝတီ ဦးဝင်းတင်က စာအုပ်အမှာစာတွင်ဆိုထားပြီး ၎င်းဥပဒေနှင့် ချိန်ထိုး၍ တောင်သူလယ်သမား၊ အလုပ်သမား၊ ကျောင်းသားလူငယ်များ၏ အခွင့်အရေး၊ နိုင်ငံသားအားလုံး၏ အခွင့်အရေးတွေကို သာမန်နိုင်ငံသူ နိုင်ငံသားများ အလွယ်တကူ သိရှိနားလည်အောင် ဤစာအုပ်တွင် ရေးထားသည်ဟု အာရှလူ့အခွင့်အရေးကော်မရှင် (ဟောင်ကောင်)မှ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးကလည်း အမှာစာတွင် ဆိုထားသည်။ ထို့ပြင် ၎င်းဥပဒေ၏ ရှေ့, နောက်အဓိပ္ပာယ်ဖွင့်ဆိုမှု မကိုက်ညီမှုများ၊ ပုဂ္ဂိုလ်ရေးဆန်သည့် ဖိနှိပ်ချက်များကို ပြဋ္ဌာန်းထားမှုများ၊ နိုင်ငံ၏ အမြင့်ဆုံးအာဏာသည် သမ္မတတွင် မရှိပုံများ အစရှိသည်တို့ကို ပွင့်ပွင့်လင်းလင်း ဝေဖန်ထောက်ပြထားသည်။ စာအုပ်ပါ ဆောင်းပါးများသည် Facebook စာမျက်နှာများပေါ်တွင် ဦးစွာဖော်ပြခဲ့ပြီးနောက် ယခုကဲ့သို့ စုစည်းကာ စာအုပ်အဖြစ် ထုတ်ဝေထားခြင်း ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|