|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း
-
-
Author(s):
ဒေါက်တာနိုင်ပန်းလှ
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 360
- Binding: Paperback
- Publication Month Year: Jan-2023
- Size: 19 cm x 25 cm
|
- Description: တရုတ်သူရဲကောင်းနှင့် မြန်မာပြည်မှ မွန်သူရဲကောင်းတို့ စီးချင်းထိုးသည့် သမိုင်းဖြစ်ရပ်မှန်အကြောင်းဖြစ်သည်။ အင်းဝဘုရင် မင်းခေါင်လက်ထက် တရုတ်တို့သည် အင်းဝကို သိမ်းယူပြီးနောက် ဟံသာဝတီ၊ ထိုမှတဆင့် မြန်မာနိုင်ငံတစ်နိုင်ငံလုံးကို သိမ်းယူရန် ကြိုးပမ်းခဲ့ရာ ဘုရင်မင်းခေါင်၏ သုံ့ပန်းအဖြစ် အကျဉ်းချထားခြင်းခံရသည့် သမိန်ဗရမ်းသည် မွန် - မြန်မာ ပြည်ထောင်စုသားခံယူလျက် တရုတ်ဧကရာဇ်၏ တာတာသူရဲကောင်း ကာမဏိနှင့် တစ်ဦးချင်း မြင်းစီး၍ စစ်ထိုးခဲ့သည်။ ကာယကို ဉာဏနှင့်ပေါင်းစပ်၍ အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်ဖြင့် ကာမဏိအားအနိုင်ယူခြင်းဖြင့် မြန်မာပြည်တစ်ပြည်လုံးအား တရုတ်ဘေးရန်မှ ကယ်တင်နိုင်ခဲ့သည်။ မော်ကွန်းတင်ထိုက်သော တန်ဖိုးရှိလှသည့် သမိန်ဗရမ်း၏ စိတ်ဓာတ်နှင့် လုပ်ရပ်ကို ဤစာအုပ်တွင် အသေးစိတ် ဖတ်ရှုသိရှိနိုင်ကြမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် အရေးတော်ပုံကျမ်း ငါးစောင်ရှိသည့်အနက် ဤအရေးတော်ပုံကျမ်းကို မွန်ဝန်ကြီး ဗညာဒလက ပထမဦးစွာ ရှေးဟောင်းမွန်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုရေးသားခဲ့ဟုဆိုသည်။ သို့သော်လည်း ၎င်းမြန်မာမူသည် ရှေးကပြန်ဆိုခဲ့သည်ဖြစ်၍ မစုံမလင် မရှင်းမလင်းသော စာပေဝေါဟာရများ ပါရှိနေ၍လည်းကောင်း၊ အချို့အချက်အလက်များသည် မူရင်းမွန်မူများနှင့် ကွဲလွဲမှုရှိနေ၍လည်းကောင်း ဒေါက်သာနိုင်ပန်းလှက မူရင်းမွန်မူကို ဒုတိယအကြိမ် တိုက်ရိုက်မြန်မာပြန်ထားခြင်းဖြစ်သည်။ ထိုသို့ ဘာသာပြန်ရာတွင် ယခင်မြန်မာပြန်ပြီးမူအပြင် မြန်မာညွန့်ပေါင်းကျမ်း၊ မှန်နန်းစသော မြန်မာရာဇဝင်များနှင့် ညှိနှိုင်းတိုက်ဆိုင်၍ မှီငြိမ်းသင့်သည်များကို မှီငြမ်းထားသည်ဟု သိရသည်။ ခက်ခဲသော ဝေါဟာရများနှင့် ပက်သက်၍ မွန်၊ မြန်မာ၊ သက္ကတနှင့် ပါဠိအဘိဓာန်ကျမ်းများကို လက်ကိုင်ထားမှီငြိမ်းထားသည်ဟု ဆိုသည်။ ထူးခြားသော အောက်ခြေမှတ်ချက်များ၊ နောက်ဆက်တွဲ အမည်ဝေါဟာရအညွှန်းနှင့် မှတ်ချက်အကျဉ်းတို့ကို သုတေသီများ အလွယ်တကူလေ့လာနိုင်ရန် ပူးတွဲဖော်ပြထားသည်။
|
|
|
|
|
|