|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: ယခင်စစ်အစိုးရလက်ထက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီအတွင်းရေးမှူးအဖြစ် နေအိမ်အကျယ်ချုပ်ကျခံနေရစဉ်က မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးသည့်အနေဖြင့် ဥရောပသမဂ္ဂသည် ၎င်းတို့၏ အမြင့်ဆုံးဆုဖြစ်သည့် လွတ်လပ်သော အတွေးအခေါ်ဆု ဟုအမည်ရသည့် ဆာခါရော့ဗ်ဆုနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်များ ချီးမြှင့်ကြသည့် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့များ၊ ဂုဏ်ထူးဆောင် နိုင်ငံသူဆုများကို ချီးမြှင့်ခဲ့ကြသည်။ သို့သော် ထိုစဉ်က နိုင်ငံရေးအခြေအနေများကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းဘွဲ့များ၊ ဆုများကို သွားရောက်လက်ခံယူနိုင်ခြင်း မရှိခဲ့ပေ။ ယခု ၂ဝ၁၃ ခုနှစ်၌ ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပသို့ တတိယအကြိမ်မြောက် ခရီးစဉ်အဖြစ် သွားရောက်ခဲ့ရာ သူရရှိခဲ့သည့် ဆုများ၊ ဘွဲ့များကို ခရီးစဉ်အတွင်း လက်ခံရယူခဲ့သည်။ ၎င်းခရီးစဉ်၏ မှတ်တမ်းတင်ဓာတ်ပုံများကို ယခုစာအုပ်တွင် တွေ့ရှိရမည် ဖြစ်သည်။ စာအုပ်တွင် ဆုများ၊ ဘွဲ့များ လက်ခံခဲ့စဉ်က ရိုက်ကူးခဲ့သည့် ဓာတ်ပုံများ၊ သက်ဆိုင်ရာ နိုင်ငံအကြီးအကဲများနှင့် တွေ့ဆုံစဉ်က ရိုက်ကူးခဲ့သည့် မှတ်တမ်းတင် ဓာတ်ပုံများ၊ ခရီးစဉ်တစ်လျှောက် သွားရောက်လေ့လာခဲ့သည့် နေရာများ၌ ရိုက်ကူးခဲ့သည့် ဓာတ်ပုံများစွာကို သေသပ်ကျနစွာ ရိုက်နှိပ်ဖော်ပြပေးထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|