|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: စစ်တပ်အားကိုးဖြင့် ရှင်ဘုရင်အဖြစ် ဘိသိက်ခံခွင့်ရှိပါလျက် သမ္မတအဖြစ် ၂ ကြိမ်သာ တာဝန်ထမ်းဆောင်ပြီး သမ္မတအာဏာကို လွှဲပေးခဲ့ခြင်းဖြင့် အမေရိကန်သမိုင်းကို အစကောင်းစေခဲ့သူ အမေရိကန်ပြည်ထောင်စု၏ ဖခင်ကြီး ဂျော့ဝါရှင်တန်၊ အင်္ဂလန်ပြည်တွင် ကျွန်ကုန်ကူးမှုဖျက်သိမ်းရေးကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့သူ နိုင်ငံရေးသမား ဝီလျံဝီဖော့စ်၊ အိုလံပစ်အပြေးချန်ပီယံဘဝမှ သက်ထက်ဆုံး သာသနာပြုတစ်ယောက် ဖြစ်လာခဲ့သူအဲရစ်လစ်ဒဲလ်၊ ဘာသာရေးကို နိုင်ငံရေးအရောင်ဆိုးရန် ကြိုးစာခဲ့သည့် နာဇီတို့၏အကြံကို ဖော်ထုတ်၍ မကြောက်မရွံ့ ကန့်ကွက်ခြင်းဖြင့် ယုံကြည်မှုအတွက် အသက်စွန့်ခဲ့သူ ဒီးထရစ်ဘွန်ဟိုးဖား၊ သည်းခံခြင်းဖြင့် အောင်မြင်ခြင်းကို လက်တွေ့ရယူပြခဲ့ပြီး အမေရိကန်ဘေ့စ်ဘောအားကစားသမိုင်းကို ပြောင်းလဲစွမ်းနိုင်ခဲ့သူ ဂျက်ကီရော်ဘင်ဆင်၊ ဘဝတစ်ခုလုံးကို ဘုရားသခင်ထံ နှင်းအပ်ထား၍ ခရစ်ယာန်သာသနာ့အကျိုး၊ လူသားအကျိုးကို ပျံလွန်တော်မူသည်အထိ ရောဂါဝေဒနာ ဖိစီးနေသည့်ကြားမှ သယ်ပိုးခဲ့သူ ပုပ်ရဟန်းမင်းကြီး ဒုတိယဂျွန်ပေါလ်ဘွဲ့ခံ ကာရိုဗွိုင်တီဝါ၊ ဝါးတားဂိတ် အရှုပ်တော်ပုံတွင် ပါဝင်ပတ်သက်ခဲ့ရာမှ ဘုရားသခင်နှင့် ယေရှုခရစ်တော်တို့အား တွေ့ရှိခဲ့ပြီး အကျဉ်းထောင်သဟာယအဖွဲ့သာသနာပြုလုပ်ငန်းများကို အသက်ထက်ဆုံး လုပ်ကိုင်သွားသူ ချပ်ခ်ကိုလ်ဆင်တို့အကြောင်းကို ဤစာအုပ်မှတဆင့် အသေးစိတ် လေ့လာသိရှိကြရမည် ဖြစ်သည်။ မူရင်းစာအုပ်အမည်မှာ Eric Metaxas ရေးသားသည့် Seven Man And The Secret Of Their Greatness စာအုပ်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|