|
|
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- အမှတ်တရ တိုက်ပွဲများ (အတွဲ ၁၄) (၁၉၄၉ ခုနှစ်က သမိုင်းဝင် အင်းစိန်တိုက်ပွဲကြီး)
-
-
Author(s):
သောင်းဝေဦး
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 466
- Binding: Paperback
- Publication Month Year: Feb-2014
- Size: 13 cm x 21 cm
|
- Description: မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးအချိန်က KNDO တို့သည် သီးခြားလွတ်လပ်သော ကရင်ပြည်နယ်ရရှိရေးကို တောင်းဆိုလျက် လက်နက်ကိုင် ပုန်ကန်ခဲ့ကြသည်။ ၎င်းတို့သည် တဖြည်းဖြည်း အင်အားကြီးထွားလာသလို အဆုံးစွန်တွင် ရန်ကုန်အနီး အင်းစိန်တစ်နယ်လုံးကို ထိန်းချုပ်သိမ်းယူကာ ရန်ကုန်ကို ခြိမ်းခြောက်ခဲ့ကြသည်။ ၎င်းအင်းစိန်အရေးအခင်း ဖြစ်နေစဉ်မှာပင် ဗမာ့တပ်မတော်ရှိ ကရင်လက်နက်ကိုင် တပ်ရင်း ၃ ရင်းကလည်း လက်နက်ကိုင်ပုန်ကန်ခဲ့ကြရာ ဦးနုအစိုးရသည် များစွာ အကျပ်ရိုက်ခဲ့သည်။ KNDOတို့သည် နောက်တစ်ဆင့်အားဖြင့် လူတစ်သောင်းခန့်အင်အားဖြင့် ရန်ကုန်ကို သိမ်းပိုက်ရန် ၃ ဘက် ၃ တန် ချီတက်လာခဲ့ကြရာ အချိန်ကာလအားဖြင့် ၃ လကျော်ကြာခဲ့သည့် သမိုင်းဝင် အင်းစိန်တိုက်ပွဲကြီး ဖြစ်ပေါ်လာခဲ့သည်။ ထိုသမိုင်းဝင်တိုက်ပွဲကြီးအကြောင်းကို ဤစာအုပ်တွင် ပြည့်ပြည့်စုံစုံလေ့လာဖတ်ရှုကြရမည် ဖြစ်သည်။ ကရင်လူမျိုးများ၏ သမိုင်းကြောင်း၊ ကရင်သောင်းကျန်းမှု၏ အခြေခံ၊ အင်းစိန်တိုက်ပွဲဖြစ်စဉ် အသေးစိတ်နှင့် ၎င်းတိုက်ပွဲများတွင် ပါဝင်ခဲ့ကြသည့် ဗိုလ်မှူးကြီးစောမြင့်၊ ဗိုလ်မှူးချုပ်ကျော်ဇော၊ ဗိုလ်မှူးကြီးသူရထွန်းတင်တို့၏ ပြောပြချက်များ၊ ဦးနု၏ ရေးသားချက်များ၊ အင်းစိန်တိုက်ပွဲနောက်ပိုင်း ဖြစ်ပွားခဲ့သည့် စာဗူးတောင်းတိုက်ပွဲ၊ ၎င်းအင်းစိန်စာဗူးတောင်း တောင်ငူမှသည် မာနယ်ပလောအထိ KNU တို့၏ အဆင့်ဆင့် ပြောင်းလဲခဲ့ပုံများ၊ KNDOမှ စောဘဦးအကြောင်းတို့ကို အသေးစိတ် မှတ်တမ်းတင် ရေးသားထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|